Prologue (1) [Unicode]

626 56 3
                                    

ရွှယ်ပါ့ကျောင်းသားဝူဇယ်ဝမ်း

သြဂုတ်လ ကုန်ဆုံးသွားချိန်မှာတော့ ကျောင်းတွေအကုန်လုံးပြန်လည်ဖွင့်လှစ်ခဲ့ပြီ။

ကျောင်းပိတ်ရက်တွေမှာ ဟဲရွှီယန်းတစ်ယောက် အင်တာနက်နှင့် အချိန်အကြာကြီးဝေးကွာနေခဲ့ရတယ်။ ဒါကြောင့် ကျောင်းပြန်လည်ဖွင့်တဲ့အချိန်မှာပဲ ကျောင်းဖိုရမ်အတွင်းသို့ ချက်ချင်းဝင်ရောက်ကာ ပြီးခဲ့သည့်နှစ်ဝက်စာမေးပွဲရလဒ်တွေကို ကြည့်ရှုလိုက်တယ်။ သူအထူးပြုယူထားတဲ့ဘာသာရပ်က အနိမ့်ဆုံး61မှတ်ရရှိမှသာ အောင်မြင်လိမ့်မယ်။

ဟဲရွှီယန်း သူ့၏နှာခေါင်းကိုပွတ်သပ်ပြီး ပြုံးကာပြောလိုက်တယ်။

" မင်းတို့အခြေအနေဘယ်လိုလဲ ငါကတော့ 61မှတ်ရတယ် ကုစားပြန်ဖြေဖို့မလိုတော့ဘူး "

သူ့၏ခုတင်ဘေးမှရှိတဲ့ အခန်းဖော်က ပြန်ဖြေလာတယ်။

" ငါက 62 ၊မင်းထက်တစ်မှတ်များတယ် "

အခန်းထဲမှာ စာမေးပွဲရလဒ်ကို ဆွေးနွေးရင်းအလုပ်ရှုပ်နေကြပေမယ့် အခန်းထောင့်ဘက်မှာ တစ်ချိန်လုံးထိုင်နေတဲ့ မျက်မှန်နှင့်ကောင်လေးကတော့ တိတ်ဆိတ်စွာရှိနေဆဲပဲ။ သူရဲ့အနက်ရောင်ကျောက်မြက်တွေလို တောက်ပနေတဲ့မျက်ဝန်းတစ်စုံကတော့ ကျောင်းစာမေးပွဲရလဒ်ကို ဖွင့်ထားတဲ့ကွန်ပြူတာစခရင်ကို စိုက်ကြည့်နေဆဲပဲဖြစ်တယ်။

ဟဲရွှီယန်း မနေနိုင်ဘဲမေးလိုက်တယ်။
"ဇယ်ဝမ်း မင်းအမှတ်ဘယ်လောက်ရလဲ ?"

ထိုသူက တုံ့ပြန်ဖြေလာခြင်းမရှိတဲ့အတွက် ဟဲရွှီယန်းက အနားကိုလျှောက်သွားလိုက်ပြီး ပုခုံးကိုညင်ညင်သာသာလေးပုတ်ပေးလိုက်တယ်။

"အဆင်ပြေပါတယ်ကွာ တစ်ခါတစ်လေ အမှတ်မကောင်းတာမျိုးလဲ ဖြစ်တတ်တယ်လေ ဘယ်လောက်ရလဲ အောင်လား "

ဝူဇယ်ဝမ်းက ပြန်လှည့်ကြည့်လာတယ်။

"မင်းဘာတွေပြောနေတာလဲ "

—— ဒီကောင့်ရဲ့ပုံစံကိုကြည့်ရတာ အမှတ်စာရင်းကြောင့် စိတ်ပျက်ဝမ်းနည်းနေတဲ့အတွက် သူ့ရဲ့အခန်းဖော်တွေရဲ့စကားကို မကြားလိုက်တဲ့ပုံပဲ။

အင်အားအကြီးဆုံးနတ်ဘုရား [online Gaming] (Myanmar Translation) Where stories live. Discover now