V

690 99 32
                                    

Zawgyicode

လက်ထဲက ဖြူလုံးလုံး ခွေးစုတ်ဖွားလေးကိုပိုက်ရင်း Jungkook Yoongiတို့ အိမ်ဘက်သို့ ကူးလူးလာခဲ့သည်...

''Yoonရေ...Yoon...''

အသံတဆာဆာပေးတော့ အပေါ်ထပ်က ပြေးဆင်းလာတဲ့ ​ခြေသံလေးကို ကြားရ၏...

''အကို...ဟာ..ခွေးလေး...''

သူ့လက်ထဲက ခွေးဖြူလေးကို မြင်တာနဲ့ မျက်လုံးအရောင်လေးတွေ တောက်သွားတဲ့ Yoonကြောင့် သူအားရပါးရ ပြုံးပြလိုက်ပြီး...

''ဟုတ်တယ်...Yoonအတွက်...''

သူကမ်းပေးလိုက်တော့ ပြုံးရွှင်သွားသည့် အနှီးကောင်လေးက သူ့လက်ထဲမှ စုတ်ဖွားလေးကို လက်လွှဲယူသည်...

''ချစ်စရာလေး...''

ခွေးလေးကို ချိုင်းနှစ်ဖက်ကမြှောက်ပြီး ကလေးမြူသလို မြူနေသော Yoonကို ငေးကြည့်ရင်း သူကိုယ်တိုင်ပင် ပြုံးနေခဲ့မိသည်...

>>အရှင်ပြုံးဖို့ ကျွန်ုပ်အသက်သေပေးမှ ရမယ်ဆိုလည်း သေပေးနိုင်တယ် အရှင်...>>

''အာ့...''

ဘာမှလည်း မလုပ်ရပါပဲ စူးဝါးစွာ အောင့်လာပြန်သော ရင်ဘတ်တစ်နေရာကြောင့် သူလက်နဲ့ဖိရင်း အော်မိပြန်သည်...

ဒါကို သတိထားသွားမိတဲ့ Yoonကလည်း ခွေးလေးကိုချလို့ သူ့အနားသို့ တိုးကပ်လာပြီး ရင်ဘတ်ပေါ် ဖိအုပ်ထားတဲ့ သူ့လက်ကို ထပ်ဆင့်အုပ်ကိုင်လာပြီး စိုးရိမ်တကြီး မေးလာသည်...

''အကို...အကိုရရဲ့လားဟင်...ဘာဖြစ်လို့လဲ...''

>>Jeon...ငါမင်းကို ချစ်ခဲ့တယ်...အရမ်းချစ်ခဲ့တာ...>>

''အားးး ''

''အကို!!!"

အာခေါင်ခြစ် အော်ရုံကလွဲပြီး မတတ်နိုင်သည့်နောက်မှာ သူဟာ ကြမ်းပြင်ပေါ်သို့ လဲပြိုသွားရတော့သည်...

မျက်လုံးတွေ မှိတ်မကျခင်မှာတော့ သူ့အရှင်ဆိုသူရဲ့ ကြေကွဲနေတဲ့ မျက်ဝန်းအစုံကို သေချာမြင်လိုက်ရသေးသည်...

>>ဘာတွေများ ခံစားနေရပြန်သလဲ အရှင်...ကျွန်ုပ်က အရှင့်အနားမှာ အမြဲရှိနေတာလေ...>>

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Where stories live. Discover now