XI

618 89 42
                                    

Zawgyicode

လေထုက အေးစက်နေသည်...ရင်ဘတ်အလယ်နားထိ ရှပ်အင်္ကျီကြယ်သီးကို ဖြုတ်ထားသည့် CEOက မေးရိုးကြောတွေ တောင့်တောင့်တင်းတင်း....

''ငါပြောတာကိုလုပ်...မင်းသူ့ကို လမ်းခွဲရမယ် Jeon JeongGuk...''

''Hyung!...''

Jungkookပြန်အော်ရပြီ...ဘယ်လိုမှ သူသည်းမခံနိုင်တော့...ချက်ခြင်းလက်ငင်းကြီး လမ်းခွဲခိုင်းသည့် Hyungကိုကြည့်ပြီးလည်း နားမလည်နိုင်...ဘယ်အချိန်ထိ သူ့ကို ကလေးလေးတစ်ယောက်လို လိုက်ထိန်းချုပ်နေဦးမှာလဲ...

''ငါပြောသလိုလုပ်...မင်းအတွက်...ငါလုပ်သမျှက မင်းအတွက်မို့ ကျေးဇူးပြုပြီး ငါ့စကားကို နားထောင်စမ်းပါ Gukieရာ...''

သူ့ရင်တွေ ပူထူသွားရပါ၏...Hyungက သူ့ဘက်သို့လှည့်ကြည့်လာရင်း ပြောသည်...ထို့အတူ မျက်ရည်တွေလဲ ကျနေ၏...မယုံကြည်နိုင်စွာ ငေးကြည့်နေရုံကလွဲပြီး သူဘာမှပြန်မပြောနိုင်ပေ...

''ငါတောင်းပန်တယ်...ငါဒီတစ်ခါ တောင်းပန်ပါ့မယ်...မင်းသူနဲ့ လမ်းခွဲလိုက်...ဒါမှ မင်းဘဝလေးအေးချမ်းမှာ...''

တစ်ခါမှ မျက်ရည်ကျမပြခဲ့ဖူးတဲ့ Hyungက ယခု သူ့ရှေ့မှာ သည်းသည်းသန်သန် ငိုနေခဲ့သည်...သူဘာဆက်လုပ်ရမှာလဲ မတွေးတတ်တော့...ငယ့်ကိုလက်လွှတ်ဖို့ရာလည်း သူ့အတွက် လုံးဝမဖြစ်နိုင်ပါ...

''Hyungဘာတွေဖြစ်နေလဲ မသိပေမဲ့...ငယ်က ကျွန်တော့်အတွက် အကောင်းဆုံး လက်တွဲဖော်တစ်ယောက်မို့လို့ ကျွန်တော်ငယ့်ကို ဆက်ချစ်ပါရစေ...''

''Jeon JeongGuk!!! ''

Hyungရဲ့အော်သံကို လျစ်လျူရှုပြီး သူမတ်တပ်ထရပ်လိုက်သည်...ဘယ်သူဘာပြောပြော သူလုံးဝနောက်မဆုတ်ဘူးလို့ တွေးခဲ့ပြီးသားလမ်းမို့ သူ့ဘဝ သူ့ဘာသာပဲဆက်မည်...

''ငါလား...သူလား...''

ခြေလှမ်းတွေက တုံ့ခနဲ...ဘာမေးတာလဲ သိနေတော့ သူ့အတွက် ပိုခက်ခဲသည်...တဆက်ဆက်တုန်လာတဲ့ အသားစိုင်တွေက ခုန်ပေါက်ထွက်မတတ်...မေးရက်လိုက်တာ...ရွေးခိုင်းရက်လိုက်တာ Hyungရယ်...

''နှစ်ခုထဲက တစ်ခုပဲရွေး JeongGuk...တစ်ခုပဲ...''

Hyungရဲ့ ငိုကြွေးသံက သူ့နားထဲမှာ ပဲ့တင်ထပ်နေသည်...သို့သော်...ငယ့်ရဲ့နာကျင်နေတဲ့ မျက်နှာလေးကလည်း သူ့မျက်လုံးထဲက ဖျောက်လို့မရအောင် ပေါ်ထွက်နေဆဲ...သူဘာလုပ်ရမှာလဲ...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Where stories live. Discover now