အပိုင်း[4.1]

516 76 1
                                    

[4]

နောက်ပိုင်း ရှောင်းယန်ပြန်လာသည်။

ရှောင်းယန် - သူတို့ငယ်စဉ်ကကစားဖော်၊ ဝန်ကြီးချုပ်ရဲ့အဖိုးတန်သမီး။ သူတို့ရှစ်နှစ်သမီးတွင် နင်းရှီးရှီကသူမအားထိုရေနွေးများမှကွယ်ထား​ပေးခဲ့​သော​ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ရှောင်းယန် သည်လည်း သူမ၏မိသားစုစံအိမ်မှထွက်ခွာခြင်းကိုတားမြစ်ခံခဲ့ရသည်။ နောက်ပိုင်းတွင်ရှောင်းယန်သည်သူမတွင်ထူးဆန်းသောရောဂါတစ်မျိုးကူးစက်ခံရသဖြင့် လာရောက်လည်ပတ်သူအားလုံးကိုငြင်းပယ်ရန်ညွှန်ကြားခဲ့သည်ဟူသောကောလာဟလများသည် သူမ19နှစ်​ပြည့်ကာ အပြည့်အဝပျောက်ကင်းပြီးနောက်ဆုံးလူမှုအဖွဲ့အစည်းသို့ပြန်လည်၀င်ရောက်ချိန်ထိရှိ​နေခဲ့သည်။

ယခုနှစ်နှစ်ကြာပြီးနောက်ရှောင်းယန် သည်တိုင်းပြည်မှဗိုလ်ချုပ်ကြီးရှဲ့အတွက် ဂုဏ်​ပြုသောအခမ်းအနားတစ်ခုတွင်ဗိုလ်ချုပ်နဲ့လက်ထပ်ခဲ့သည်။ သူတို့နှစ်ဦးသည်ဆယ့်တစ်နှစ်​ကြာမ​တွေ့ဆုံခဲ့သော်လည်း နင်းရှီးရှီသည်သူမ၏သူငယ်ချင်းဟောင်းအကြောင်းတွေးစဉ်တိုင်း သူမပျော်ရွှင်ဖို့အတွက်ဆုတောင်းနေ​ပေးဆဲဖြစ်သည်။

နင်းရှီးရှီ သည်မူလက ရှောင်းယန် ၏မင်္ဂလာဆောင်ကိုတက်ရန်ရည်ရွယ်ခဲ့သော်လည်းထိုနေ့တွင်သူမနေမကောင်းဖြစ်ခဲ့သောကြောင့်သူမအိမ်တော်အတွင်းနားနေစဉ် စုဇဲချန် အားသူမကိုယ်စားလက်ဆောင်များပေးရန် တက်ရောက်စေခဲ့သည်။

စုဇဲချန်း သည်သူမ၏လက်ဆောင်များကိုယူဆောင်ပြီး ရှောင်းယန် ၏မိသားစုစံအိမ်သို့အလည်အပတ်သွားခဲ့သည်။ သူသည်လက်ဆောင်တွေကိုစာရင်းပြုစုနေသော အိမ်တော်ထိန်းအားလက်ဆောင်ကိုပေးရန်စင်္ကြံရှည်၌ရပ်နေ၏။ သို့သော်သူဂရုမစိုက်ပဲခေါင်းကိုမော့လိုက်မိချိန်သူ၏အကြည့်များသည် ရှောင်းယန် အပေါ်သို့ကျဆင်းသွားသည်။

ထိုနေ့၌ ရှောင်းယန် သည်လှပသောဂါဝန်ကို၀တ်ထားပြီးသူမ၏မျက်နှာသည်နွေးထွေးသောအပြုံးဖြင့်တောက်ပနေသည်။

တပြိုင်နက်တည်းစုဇဲချန်းသည်အံ့အားသင့်သွားသည်။ သူကရပ်တန့်သွားပြီးသူ့လက်များက နင်းရှီးရှီ၏လက်ဆောင်ပတ်ပတ်လည်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။

ဆယ့်နှစ်ဝိညာဉ်စုဆောင်းခြင်း:ရုပ်ဆိုး​သောဝိညဉ်《Completed》Where stories live. Discover now