အပိုင်း[7]

509 82 2
                                    

[7]

နောက်နေ့သည် စုဇဲချန် ၏မွေးနေ့ဖြစ်သည်။

မနက်စောစောနင်းရှီးရှီ သည်မနေ့ညကသူမရွေးထားသောအ ၀တ်အစားကိုလဲလိုက်သည်။ ကျွန်မသူတို့နှစ်ယောက်အတွက်ပွဲစီစဉ်ပေးထားခဲ့တယ်။

နင်းရှီးရှီအချိန်အကြာကြီးစောင့်နေခဲ့တယ်။ နောက်ဆုံးမိုးကောင်းကင်ကမှေးမှိန်သွားပြီးကောင်းကင်၌တောက်ပသောလ၏ငွေရောင်တစ်ခုသာကျန်ခဲ့သောအချိန်တွင်စုဇဲချန် ပေါ်လာပြီးသူ့အပေါ်စွဲကပ်နေသောအရက်နံ့သည်ပြင်း​နေသည်။ သူသည်ခြံဝင်းထဲသို့ရောက်​ပြီးသူ၏အကြည့်များကသူမအပေါ်သို့ရောက်သည်နှင့်သူ့နှုတ်ခမ်းများကသတိလက်လွတ်အပြုံးတစ်ခုဖြစ်လာသည်။

"ရှီးရှီ" ဟုသူမနာမည်ကိုအဝေးမှခေါ်လိုက်သည်။

နင်းရှီးရှီပြုံးလိုက်သည်။ သူမသည်ခြံဝင်း၌ရပ်ပြီးတောက်ပသောမျက်လုံးများဖြင့်သူ့ကိုကြည့်နေသည်။ သူမ၏နောက်တွင်မက်မွန်ပန်းများသည်သစ်ပင်များမှလွင့်ပျံလာပြီးမြေပြင်၌ပြန့်ကျဲနေသည်။ သူမသည်အပြာရောင်ဖျော့ဖျော့၀တ်ထားပြီး သူမ၏ဆံပင်ကိုအဖြူရောင်ဖဲကြိုးဖြင့်စည်းထားသောထိုအချိန်တွင် နင်းရှီးရှီသည်ရက်အနည်းငယ်​ကြာမှခင်ပွန်းသည်ပြန်လည်ရောက်ရှိလာခြင်းကိုစောင့်ဆိုင်းနေသောသီလရှိသောဇနီး၏ပုံစံဖြစ်​နေသည်။

စကားမပြောပဲတိတ်ဆိတ်​နေမှုက စုဇဲချန်ကိုအသက်ရှုကျပ်လာ​စေသည်။

ဟိုးအရင်ကတည်းကသူဟာသူဘယ်နေရာပဲရောက်နေပါစေအိမ်မှာနွေးထွေးတဲ့ဝိုင်တစ်အိုးနဲ့စောင့်နေတဲ့မိန်းမတစ်ယောက်ကိုလိုချင်ခဲ့တယ်ဆိုတဲ့အတွေးကမ​နေနိုင်ပဲသူ့စိတ်ထဲရုတ်တရက်ဖြတ်ကျော်သွားတယ်။

ဤအချိန်၌သူသည်နောက်ဆုံးတော့ထိုဇနီးကိုတွေ့ခဲ့ရပြီ။

မိုးဖွဲဖွဲကျတဲ့နေ့မှာသူနဲ့မတော်တဆဆုံခဲ့တဲ့မိန်းမပျိုလေးဟာ သူမနှလုံးသားထဲမှာနှစ်ပေါင်းများစွာသိုလှောင်ထားတဲ့အချစ်ကိုသိမ်းထားပြီး သူ့ကိုအ​မြဲတမ်းတိတ်တဆိတ်စောင့်နေခဲ့တယ်။

စုဇဲချန်သည်သူ့နှလုံးသားတင်းကျပ်သွားသလိုခံစားလိုက်ရပြီးရုတ်တရက်စကားတစ်ခွန်းကသူ့စိတ်ထဲသို့ရောက်လာသည်။

ဆယ့်နှစ်ဝိညာဉ်စုဆောင်းခြင်း:ရုပ်ဆိုး​သောဝိညဉ်《Completed》Where stories live. Discover now