Part 18

408 67 4
                                    

For zgy

BAL 18

လက်ထဲက စာရွက်လေးကို Baekhyun ကြည့်ပြီး ပျော်နေမိသည်။ အဆင့်တစ်ဆိုတဲ့ နေရာလေးကို လက်ချောင်းလေးတွေနဲ့ ဖွဖွတို့ကြည့်မိပြီး စဉ်းစားမိတာက *Omma ရော ပျော်လောက်လေမလား*  အတွေးနဲ့ Baekhyun မျက်နှာလေးဝင်းပသွားသည်။ Omma က သူစာတော်ရင် ချစ်မှာသေချာပါတယ်။ ရီပို့ကတ်လေး ရင်ဘတ်ဆီပိုက်ကာ Baekhyun အိမ်အမြန်ရောက်ဖို့ ခြေလှမ်းတွေကို အလုပ်ပေးနေမိသည်။ လမ်းကြားလေးကို ချိုးဝင်သွားတော့မှ လှမ်းမြင်နေရတာ လူကြီးတစ်ယောက်ရဲ့ခါးလောက်သာရှိတဲ့ ခြံစည်းရိုးအနီရောင်လေး။ ပြေးလွှားနေတဲ့ ခြေထောက်တွေဟာ ပါရီရဲ့ အပူဒဏ်ကို အံတုနေသည်။ ရဲနေတဲ့ ပါးမို့မို့တွေဟာ နေရောင်ကြောင့် ပေါက်ထွက်မတတ် ။ ပူလွန်းတဲ့ဒေသမို့ ဖြူလွန်းတဲ့အသားဟာ ကျိမ်းစပ်စပ် ဖြစ်နေရသည်။ ကလေးမို့ အဲ့တာတွေကို သူစိတ်မဝင်စား။ သူစိတ်ဝင်စားတာကတော့ Omma ကို သူရီပို့ကတ်လေးပြဖို့သာ။

ခြံတံခါးကို တွန်းဖွင့်ပြီး ဝင်လာတော့ Omma ကြိုက်တဲ့ အနီရောင်စက္ကူပန်းပင်ကြီး။ လှလိုက်တာလို့ ရေရွတ်ပြီး လက်ကလေးတွေနဲ့ တို့ထိသွားလိုက်သည်။ အိမ်တံခါးဝနားမှာတော့ Luckey ရဲ့ အစာခွက်လေးဟာ မှောက်ကာ အစာတွေက မြေပြင်မှာ ပြန့်ကျဲလို့။ လက်ကီးက လိမ္မာတဲ့ ကောင်လေးပါ ။ အတွေးစတို့ လက်ကီးဆီပြန့်ကျဲသွားတာ မကြာလိုက်ရပဲ Omma ကိုရှာဖို့သာ သူအရေးကြီးနေသည်။

"Omma
Omma သား ပြန်ရောက်ပါပြီ"

"ဘယ်ရောက်နေတာလဲ မသိဘူး
ဂိုထောင်ထဲမှာများလား"

နောက်ဖေးဘက်ဆီက ဂိုထောင်လေးဆီ သူဆက်သွားလိုက်သည်။ ပစ္စည်းဟောင်းတွေ ထည့်ထားတဲ့ ဂိုထောင်လေးကို omma က အတိုအစ ပစ္စည်းလေးတွေယူဖို့ သွားတတ်သည်။ သူစောင့်မနေချင်တော့ ။ အမြန်ဆုံး ရီပို့ကတ်လေးပို omma ကိုပြချင်နေတာဖြစ်သည်။

"ဂီးးးးး မြောင်..."

လက်ကီးရဲ့အသံပဲ ။ လက်ကီးလဲ ဒီထဲရောက်နေတာလား။ ဒါပေမယ့် လက်ကီးအသံက တစ်ခုခုဖြစ်နေသလိုပဲ။ ခြေလှမ်းတွေဟာ မသိစိတ်ရဲ့ လှုံ့ဆော်မှုတစ်စုံတစ်ရာကြောင့် အလိုလိုနှေးကွေး ဖော့သွားသည်။ ခြေဖော့ကာ အနည်းငယ်ဟနေတဲ့ တံခါးဆီ သူဘာကြောင့် အသံမပေးပဲ ချောင်းကြည့်မိခဲ့သလဲ။ အပေါက်လေးကနေ တစွန်းတစ သူမြင်နေရတာ စေးပြစ်ပြစ် အနီရောင်တွေ ။ အသေအချာပြောရရင် သွေးတွေ။ မျက်တောင်ခတ်ဖို့ မေ့နေလောက်အောင် သူထိတ်လန့်နေမိသည်။ လက်ကီးရဲ့ အသနားခံမျက်ဝန်းတွေဟာ သူ့ဆီကို မျှော်လင့်တစ်ကြီး ။ ခြေလှမ်းတွေ ရွှေ့လို့မရဘူး။ တဆတ်ဆတ်တုန်နေကာ လက်ကီးက အော်မြည်ချင်ပေမယ့် ပါးစပ်လေးဟာ အနည်းငယ် ဟသွားလိုက် ပြန်ပိတ်သွားလိုက်။ ရုန်းကန်နေတဲ့ ခြေလက်တွေဟာ ဆတ်ခနဲ ဆတ်ခနဲ တုန်ခါနေသည်။ Baekhyun နှလုံးခုန်သံတွေ မြန်လာကာ ဒူးတွေ လက်တွေပါတုန်လာသည်။ လက်ထဲမှာ ကိုင်ထားတဲ့ ရီပို့ကတ်လေး လျောကျသွားသည်။ ဗိုက်နားဆီကနေ သွေးတွေ တစ်ပွက်ပွက် ထွက်နေတဲ့ လက်ကီးဟာ အချိန်အတော်ကြာ ရုန်းကန်ပြီးချိန် သူ့ကိုကြည့်နေရင်းမျက်ဝန်းတွေတောင် ပိတ်မကျသွားပဲ ငြိမ်ကျသွားသည်။ သွေးတို့ စွန်းနေတဲ့ အသွား နှစ်လက်မလောက် အသားလှီးဓားလေးဟာ လက်ခနဲ လေထဲမြောက်တက်လာသည်။ Baekhyun လက်နှစ်ဖက်ကို ပါးစပ်ပေါ်တင်းတင်းဖိကာ မျက်လုံးနှစ်ဖက်ကို အတင်းမှိတ်ချလိုက်သည် ။ ပါးနှစ်ဖက်ပေါ် ခပ်နွေးနွေးအရည်တွေစီးကျသွာသည်။

Born A Life(complete)Where stories live. Discover now