part 23

419 51 0
                                    

For zgy

BAL 23

"ဒီဟာက ဆိုင်မှမဟုတ်ပဲ Chanyeol"

park အိမ်တော်ကိုကြည့်ရင်း baekhyun ပြောတော့ သူက

"ဒါပေမယ့် ဒီအိမ်က မနက်စာလောက် ဘယ်ဆိုင်မှ မကောင်းဘူး"

"ဒါပေမယ့် "

"လာ ဝင်ရအောင် "

လက်ကလေးကို ဆုပ်ကိုင်ကာ ရှေ့ကနေ ဝင်သွားသူကြောင့် baekhyun လဲ ပါသွားရသည်။ ဒီခြံဝင်းထဲကို ဝင်လိုက်တည်းက စိမ်းစိုနေတဲ့ သစ်ပင်ပန်းမာန်တွေဟာ အေးချမ်းစွာ။ အဖြူရောင်တွေနဲ့ ကြီး ခမ်းနားခေတ်မှီနေတဲ့ အိမ်ကြီးနဲ့ အမျိုးစုံလှတဲ့ ပန်းမာန်တွေဟာ ပနံတင့်စွာ။ လူသွားလမ်းသဖွယ် အင်္ဂတေခင်းထားတဲ့ နေရာလေးရဲ့ ဘယ်ဘက်မှာတော့ အမျိုးစုံသော ရောင်စုံပန်းတွေ ။ ကျူးလစ်ဖြူတွေရော နှင်းဆီ နီနီတွေရော မယ်ရီဂိုးအဝါတွေရော အို စုံလို့ပါပဲ။ ရောင်စုံပန်းခင်းဆိုတာ ဒါမျိုးပါလားလို့ baekhyun တွေးမိတဲ့အထိ ပန်းရောင်စုံတွေ ငွါးငွါးစွင့်စွင့်။ ပန်းကြိုက်ဖူးခဲ့သလား သူမသိပေ။ အခုချိန်မှာတော့ သူ *လှလိုက်တာ* ဆိုတဲ့ စကားတစ်ခွန်းကိုသာ အထပ်ထပ် ​ရေရွတ်နေမိတော့သည်။

"လှလိုက်တာ "

သူ သတိတရ ညာဘက် ပန်းခင်းကြီးကို ငေးမျှော်ကြည့်ချိန်မှာတော့ နေကြာပန်း ဝါဝါတွေသာ အစီအရီ။ တစ်ဖက်တည်းကို စောင်းလို့ နေရှိရာအရပ် မျက်နှာမူထားတဲ့ ပန်းတွေဟာ လှပသော တင့်တယ်ခြင်းမျိုးနဲ့။ သိချင်စိတ်နဲ့ သူမေးလိုက်မိတာ သတိလက်လွတ်။

"ဒီဘက်က ဘာလို့ နေကြာတွေပဲလဲ "

"တစ်စုံတစ်ယောက်ကိုပဲ အမြဲ မျှော်ကြည့်နေခဲ့လို့"

"ဘယ်လို "

သူနားမလည်စွာ တန်ပြန်မေးခွန်းထုတ်လိုက်ပေမယ့် သူက အဓိပ္ပါယ်ပါပါပြုံးကာ အိမ်မကြီးဆီကိုသာ လှမ်းလာခဲ့ပါတယ်။

"မြေးးး "

ဇရာရဲ့ ထုထောင်းမှုကြောင့် အတော်ကို အိုမင်းနေပေမယ့် အာဏာရဲ့ အရှိန်တစ်ခုရယ် နူးညံ့မှုရဲ့ ပျော်ဝင်မှုတစ်ခုရယ်ကို ဆန့်ကျင်ဘက်ဆန်စွာ ပေါင်းစည်းထား​သော အဘွားတစ်ယောက်ဟာ အပြုံးနုနုနဲ့ chanyeol ကိုခေါ်လိုက်တယ်။ အမြဲလို baekhyun အတွက် မဟုတ်ခဲ့ဖူးတဲ့ ချစ်မြတ်နိုးခြင်းတွေ ရာနှုန်းပြည့်စီးဝင်နေတဲ့ အသံချိုချို။ အရေတွန့်နေပေမယ့် ကမ်းလင့်နေတဲ့ လက်တွေဟာ အားမာန်အပြည့်နဲ့။ ထိုလက်တွေထဲ အလိုက်သင့် ခါးလေးညွတ်လို့ ဝင်သွားတဲ့ chan...

Born A Life(complete)Tempat cerita menjadi hidup. Temukan sekarang