Ep1 zawzi+uni

5.5K 265 1
                                    

Zawzi

စာရေးသူ၏စိတ်ကူးသက်သက်ဖစ်လို့ သမိုင်းတွေထဲကလို အတိအကျကြီးတော့မဟုတ်ပါဘူးနော် အမှားပါရင်ခွင့်လွတ်ပေးကြပါ

........................................................................

ကုန်းဘောင်ခေတ် ရွှေဘိုမြို့ကိုအုပ်စိုးသော ရွှေဘိုပြည့်ရှင်သည် စစ်ပွဲများကိုပယ်ရှားလျက် ငြိမ်းချမ်းရေးကိုသာ အလေးထားသဖြင့် တိုင်းပြည်သည်အင်မတန်မှစည်ပင်သာယာဝပြောသည
ထိုရွှေဘိုပြည့်ရှင်တွင်လက်ရုံးသဖွယ်အားထားရသော
သားတော်နှင့်သမီးတော်၂ပါးရှိသည်
မွေးမိခင်ချင်းမတူလှသော်လဲ အင်မတန်မှချစ်ခင်လျက်
တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်တက်သောကြောင့်
နန်းလုပွဲတွေဖြစ်မှာမဟုတ်သည့်အတွက်မင်းကြီးစိတ်အေးရသည်

သားတော်နှင့်သမီးတော်တွင်ရာဇသီရိမေဟူသောသမီးတော်သည်ရွှေအဆင်းနှင့်ရုပ်ရည်ရူပကာချောမောလှပါသော်လည်း
ယောက်ကျားတို့တက်အပ်သောအတက်ပညာများကိုသင်ယူလျက်ဓား​ရေးလှံရေးတွင်တစ်ဖက်ကမ်းခက်ထူးချွန်သည်
ထို့ကြောင့်ဖခင်ခမည်းတော်သည်ပုန်ကန်သူများကိုနှိမ်နှင်းရာတွင်ငယ်ငယ်ရွယ်ရွယ်နှင့်ထက်မြက်လှသည့်
မင်းသမီးကိုသာ တာဝန်ပေးသည်

သားတော်ရာဇကုသလာသည်ကား မင်းသားတို့တက်သင့်သော
အတက်ပညာများတက်မြောက်သော်လည်း
ဓားရေးလှံရေးမှာသိပ်သင်ယူထားခြင်းမရှိပေသို့သော်
စာပေကျမ်းဂံများတွင်ထူးချွန်ပိုင်နိုင်လျက်ရုပ်ရည်သည်လည်း
ပျိုတိုင်းကြိုက်​သောနှင်းဆီခိုင်ဖြစ်လေသည်

တစ်နေ့မင်းညီလာခံတွင်~~~~~~~

"ငါကိုယ်တော်မြတ် နန်းမွေကိစ္စကိုစိတ်မအေးဘူးကွဲ့ အခြားသောတိုင်းပြည်တေလိုနန်းလုမှာကိုစိတ်မပူရပေမဲ့ အိမ်ရှေ့စံအရိုက်အရာကို မည်သူ့ကိုဆက်ခံခိုင်းရမလဲဆိုတာ ငါကိုယ်တော် ဝေခွဲမရဘူးကွဲ့"

ထိုစဉ် လက်ဝဲအမတ်ကြီးမှ
"မုန်ပါ့ ဘုရား ကျွန်တော်မျိုးအမြင်မှာတော့ မင်းသမီးကပို့သင့်တော်မယ်ထင်ပါတယ် ဘုရား အဘယ်ကြောင့်ဆိုတော် အရှင့်သမီးတော်က တိုက်ခိုက်ရေးမှာလဲကျွမ်းကျင်တဲ့အပြင် ပြည်သူတေအားကိုးရတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် အိမ်ရှေ့စံအရိုက်အရာက အရှင့်သမီးတော်နဲ့ သင့်တော်မည်ဟု ကျွန်တော်မျိုး ထင်မိပါသည် ဘုရား"

အမိန့်တော်Where stories live. Discover now