Zawzi
သီရိမေတစ်ယောက် သွက်လက်သောခြေလှမ်းများဖြင့်
စစ်သူကြီးအင်္လကာ ရှိရာနန်းဆောင်သို့လျင်မြန်စွာလျှောက်လှမ်းလာခဲ့သည်စစ်သူကြီး-"အဘယ်ကိစ္စကြောင့် အရှင့်သမီးကိုယ်တိုင် ကြွချီတော်မူလာရပါသနည်း"
သီရိမေ-"အသင့်လက်၂ဖက် အကျွန်နုပ်ဆီ ခနကမ်းပေးပါ"
စစ်သူကြီးအနည်းငယ်တွေဝေလျက် ကမ်းပေးလိုက်သည်
သီရိမေ ထိုစစ်သူကြီးလက်အားသေချာစစ်ဆေးကြည့်ရာအစိမ်းရောင်အဖျော့လေးများသန်းနေသည်ကိုတွေ့လိုက်ရသည်
သီရိမေ-"တောက်စ်"
စစ်သူကြီးမှာ ချက်ချင်းဒူးထောက်ချလျက်
စစ်သူကြီး-"အရှင့်သမီး...ကျွန်တော်မျိုး ဘာများအမှားလုပ်မိလို့ပါလဲ"
သီရိမေ-"အသင်ဘယ်သူကိုလုပ်ကြံခဲ့သလဲဆိုတာ အသင်မေ့သွားသလော...လာကြစမ်း ဒီသစ္စာဖောက်ကောင်ကိုတရားစီရင်ခန်းသို့ခေါ်လာခဲ့"
နန်းတော်ထဲတွင် တရားခံအစစ်မိပြီဟုဆိုကာ ရုတ်ရုတ်သဲသဲဖြစ်လျက် တရားစီရင်ရာသို့ အပြေးရောက်လာကြသည်
စစ်သူကြီးမှာဒူးထောက်လျက် အိမ်ရှေ့စံကိုအားကိုးတစ်ကြီးကြည့်နေသည်
အိမ်ရှေ့စံမှာသက်ပြင်းချပြီး မျက်နှာလွဲသွားသည်သီရိမေ-"ကဲ..အမှန်တိုင်းဝင်ခံလျှင် အသင့်အားပြစ်ဒဏ်လျော့ပေါ့ပေးနိုင်သည်"
စစ်သူကြီးလည်းငြင်းလို့မရသည့်အဆုံး သူလုပ်ကြံသည်ဟုဝင်ခံလိုက်လေသည်
သီရိမေ-"ခမည်းတော်သည်ကား အသင့်ကိုနေရာပေး၍ အရေးပေးဆက်ဆံခဲ့သည် ထိုသည်ကိုမထောက်ထား အသင်အဘယ်ကြောင့်လုပ်ရက်လေသနည်း"
စစ်သူကြီး ဘာ့မှပြန်ဖြေ နှုတ်ဆိတ်နေလျက်
အိမ်ရှေ့စံ-"ကဲ ဒီသစ္စာဖောက်ကောင်ကို ထောင်သွင်းအကျဉ်းချထား မင်းကြီးဈာပန ပွဲပြီးလို့ အကျွန်နုပ်နန်းတက်ပီးလျှင် သူ့အားအဆိပ်ခွက်ချီးမြင့်မည်"
သီရိမေ တရားစီရင်ရာမှ ထွက်လာ၍ ချစ်ရသောသူလေးဆီ အပြေးသွားသည်
YOU ARE READING
အမိန့်တော်
Historical Fictionပထမဆုံးရေးတာမလို့ အမှားပါရင်ခွင့်လွတ်ပေးကြပါ ပထမဆုံးရေးတာမလို့ အမှားပါရင်ခွင့်လွတ်ပေးကြပါ