အပိုင်း၈ ( a little warning 🌚🌚)!!!!

176 11 7
                                    

        ဘုန်းထက် အလုပ်စားပွဲရှေ့မှာထိုင်ပြီး ခေါင်းငိုက်ငိုက်စိုက်ကျကာ မရမကမနေ့ညကအကြောင်းတွေကို စဉ်းစားနေမိသည်။  မမှတ်မိလာတယ့်အပြင် ခေါင်းပါမူးလာလေတော့.. မထူးပါဘူးဆိုပြီး စိတ်ညစ်ကာ အရှေ့မှချထားတယ့်ကော်ဖီခွက်ကိုသောက်လိုက်တော့............. မနေ့ကအကြောင်းတွေကတရေ့ရေ့ဖြင့်

      The past start..

            ဘုန်းထက် နေထူးမြတ်ပေးလာတယ့် အရက်ခွက်ကို တကျိုက်တည်း မော့‌ေသာက်လိုက်ပြီး နေထူးမြတ်နဲ့စကားဆက်ပြောနေလိုက်သည်... ခနကြာတော့..

                   -" အကို.. ကျွန်တော် ဟိုဘက်မှာ စကားခနသွားပြောလိုက်အံုးမယ်.."

နေထူးမြတ်ရဲ့အပြောကို ခေါင်းတချက်ငြိမ့်ပြလိုက်ပြီး အသိအမှတ်ပြုလိုက်‌ေလသည်..  လူငယ်တစ်ယောက်ရဲ့ပါတီဆိုတယ့်အတိုင်းအပေါင်းအသင်းတွေကတဖြေးဖြေးများလာတာကြောင့် ဘုန်းထက်မျက်စိပင်‌ေနှာက်လာလေသည်။ .. မောင်ကိုရှာလိုက်တော့လည်းမတွေ့ပြန်.. ဘယ်တွေများရောက်သွားလဲမသိဘူး. . ....
ဘုန်းထက်လိုက်ရှာနေရင်းနဲ့တဖြေးဖြေးခေါင်းကထိုးကိုက်လာပြီးခန္ဓာကိုယ်တစ်ခုလံုးလည်းပူအိုက်လာ‌ေလသည်။ ပြီးတော့လည်းတစ်ခုခုကိုအလိုရှိလာသလိုခံစားလာရတယ်.... ဘုန်းထက်ဘာတွေဖြစ်‌ေနသလဲမသိတော့ ဘေးနားကထိုင်ခုံ‌တစ်ခုကိုယူလိုက်ပြီးထိုင်လိုက်လေသည်..  လူတွေကိုကြည့်လိုက်တော့လည်းအကုန်လုံးကိုနှစ်ထပ်မြင်ရလေသည်။ အရှေ့ကနေဝိတ်တာတစ်ယောက်ဖြတ်လျှောက်သွားသလိုထင်တော့..

 
                      -" ညီ အကို့ကို တစ်ခွက်လောက်ပေးပါ..."

ဝိတ်တာပေးလာတယ့် အအေးခွက်ကို မော့သောက်လိုက်လိုက်ပြီးခန ခံတွင်းထဲပူရှိန်းခနဲဆင်းသက်သွားတော့.. .

                    -" ညီ.. အကို့ကိုပေးးတာ ဘာအအေးလဲ.."

                    -" အကို ခုနသောက်တာ.. ဝိုင်လေအကိုရဲ့.."

သေစမ်း....ခန္ဓာကိုယ်တစ်ခုလုံး ပူစပ်စပ်နဲ့ခေါင်းတွေမူးလာလို့ အအေးတောင်းပါတယ်ဆို.  ဝိုင်ကိုသောက်မိလိုက်တယ်တဲ့လား....  ပြောမယ်ဆို ကိုယ်တောင်းလိုက်တာကလည်းအအေးခွက်လို့မပြောမိလိုက်ဘူးလေ... ဝိတ်တာကိုလည်းဘာမှပြန်မပြောချင်တာကြောင့်ထိုနေရာမှထွက်လာခဲ့လိုက်တယ်...
*******

                    ချစ်လှစွာသော............Where stories live. Discover now