-" မောင်... မြူဆန်ခေါက်ဆွဲမင်းကြိုက်လား... ကြက်သားကောရှိရဲ့လား..."မီးဖိုချောင်ထဲ၀င်ပြီးဟိုရှာဒီရှာလုပ်နေတယ့် ကျွန်တော်ရဲ့အချစ်ရဆုံးသူကို.. ထမင်းစားပွဲကနေ မေးထောက်ကာ သူလုပ်သမျှကိုထိုင်ကြည့်နေမိသည်...
-" မောင်.... ဟင်းခတ်မွှေးကြိုင်တွေကော.... ပြီးတော့.. ကြက်သားကော.... .. မောင်.... မောင်... မောင်..!!!!!!!!!!
ဘုန်းထက်ခေါ်နေတာကိုမကြားဘဲတစိမ့်စိမ့်ထိုင်ကြည့်နေတယ့် ထိုလူသားကို.. အမြင်ကတ်ကာ အော်မိလိုက်ခြင်းဖြစ်သည်... ဘယ်နှယ့်... ဒီကလူကတော့သူစားဖို့အတွက်အားကြိုးမာန်တတ်လုပ်ပေးမလို့ကို.... ထိုင်ခုံနဲ့ထိုင်နေပြီး လူကိုစိန်ပြေနပြေ ထိုင်ကြည့်နေလေသည်...
-" အကို.. အရမ်းမအော်ပါနဲ့. မောင်ကြားပါတယ်...."
-" ကြားရင်ပြန်ပြောလေ ဝီလျံမောင်ရဲ့... ဒီကလူကအရူးကျနေတာဘဲ...."
ဘုန်းထက်ပြောလိုက်မှ စပ်ဖြဲဖြဲနဲ့ပြုံးပြလေတယ့်တကောင့်သားကို.. မျက်စောင်းမမည်တယ့်မျက်၀န်းနဲ့ထိုးစစ်ဆင်နေလေသည်...
-" ကဲပါ... ငါဘာလုပ်ပေးကမှာလဲ... မင်းမှာကဘာမှမရှိဘူးလေ... ရေခဲသေတ္တာမှာလည်း ရေကလွဲပြီးမရှိဘူး... မီးဖိုချောင်မှာလည်း... ဘာမှမရှိဘူး . အာ့တော့ငါကဘာလုပ်ပေးရမှာလဲ..."
-" ဟုတယ်.... ကားပေါ်မှာထဲက.. အကို့ကိုပြောမလို့ဘဲ.... အကိုက မျက်နှာတည်တည်ကြီးနဲ့ကားဘဲမောင်းနေတော့ .. မောင်လဲ... ငြိမ်နေလိုက်တာ...."
-" ဟုတ်ပါပြီ... ဒီနားမှာ.. marketတစ်ခုရှိတယ်မလား... အကိုသွား၀ယ်လိုက်မယ်... မင်းကိုယ်ေတွပူနေတာဘဲ အိပ်ရာထဲနွေးနွေးထွေးထွေးသွားနေလိုက်..... ပြီးတော့လည်း မင်းဆရာ၀န်ပြကမယ်..."
-" သွားမ၀ယ်နဲ့တော့... အကို... မောင်deliveryနဲ့မှာလိုက်မယ်... အမြဲတမ်းမှာနေကျဘဲ...."
-" မင်းကနေမကောင်းဖြစ်ေနတာလေ... တခြားအစားအသောက်စားဖို့အဆင်ပြေလို့လား....."
![](https://img.wattpad.com/cover/285319792-288-k783070.jpg)
YOU ARE READING
ချစ်လှစွာသော............
Randomချစ်လှစွာသော......လေးက ညီမရဲ့ဒုတိယမြောက်ကြိုးစားမယ့်bl ficလေးပါနော် ပထမ.ficဖြစ်တယ့် အဝေရဲ့သူလေးး...မှာပါတယ့်.. ဘုန်းရှိန်ထက်ရဲ့ficလေးကို ဆက်ရေးတာဖြစ်ပါတယ်.. . အားပေးပါအုံးနော်..ဒီficလေးကိုတတ်နိုင်သလောက်ကြိုးစားသွားပါမယ်ရှင့်.... 🙆🙆