Deja Vu

231 39 23
                                    

[ Zawgyi ]

ခများတို့ Deja Vu ဆိုတာ ကြားဖူးကြလား..?

Déjà Vu ဆိုတာ ပြင်သစ် ဘာသာကနေ ဆင်းသက်လာတဲ့ စကားလုံးတစ်ခု။ ပစ္စုပန်မှာဖြစ်ပျက်နေတဲ့ အရာတစ်ခုနဲ့ အကျွမ်းတစ်ဝင် ရင်းနှီးနေပြီး အရင်က ဖြစ်ပျက်ခဲ့ဘူးတာပဲဖြစ်ဖြစ် ပြုလုပ်ခဲ့ဘူးတာပဲဖြစ်ဖြစ် ထဲထဲဝင်ဝင် မှတ်ဉာဏ်ထဲဆွဲနေတဲ့ ခံစားချက်လို့ အဓိပ္ပာယ်ဆောင်တယ်။

ဒီတိုင်း စကားလုံးလေးတစ်ခုသာသာ.....။

အရေးမပါတဲ့ စကားလုံးလေးတစ်ခုအပြင် ဘာမှ မပိုဘူး...။


တစ်ခြမ်းပဲ ကျန်တော့တဲ့ နေလုံးကြီးက လုံးလုံးပျောက်ကွယ်သွားပြီး ရွှေရောင်တောက်ပနေခဲ့တဲ့ ကောင်ကင်က အခုတော့ နက်မှောင်နေလျက်။ ဒီက တိမ်ပင်လယ်ထဲကို နစ်မြုပ်သွားတဲ့ နေမင်းကြီးက အနောက်နိုင်ငံနေမှာ ထွန်းတောက်စပြုနေရောပေါ့ အရမ်းကိုလှပတဲ့ အာရုဏ်ဦး နေရောင်ခြည်အဖြစ်။

ဆိုးလ်မြို့ရဲ့ night life ကလဲ ပုံမှန်အတိုင်းလည်ပတ်နေသည်။ ရုံးဆင်းရုံးပြန်လူတွေ ချိန်းတွေ့နေကြတဲ့ ချစ်သူရည်းစားတွေ ‌လမ်းမပေါ်က ရွေ့လျားနေတဲ့ ကားတွေ။

ဟုတ်တယ် ဒါလောကကြီးပဲ ဘယ်သူက ဘယ်လောက်ပဲ ပျော်နေပါစေ ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ သူ့ဟာသူ လည်ပတ်နေဆဲပဲ။ အားလုံးက လည်ပတ်နေတဲ့ ကမ္ဘာကြီးလို တဖြေးဖြေးနဲ့ ရှေ့ဆက်သွားကြတယ်။

ဒါပေမယ့် ကျွန်တော်က ဘာလို့ ရှေ့မဆက်နိုင်တာလဲ အခုလဲ အရူးတစ်ယောက်လို ဒီနေရာကို ရောက်လာခဲ့ပြန်ပြီ...

Hyg... ကြည့်ပါဦး hyg ကျနော့်ကို ခူးပြီး ပေးခဲ့တဲ့ carnation ပန်းရောင်လေးတွေအခု ပွင့်နေပြီလေ ။

သူများတွေက သူတို့မြတ်နိုးရတဲ့သူတွေကို နှင်းဆီပန်းတွေပေးလေ့ရှိတယ် ဒါပေမယ့် hyg က ကျွန်တော့်ကို သူများနဲ့ မတူပဲ carnation ပန်းပေးခဲ့တယ်။ အဲ့ပန်းကြောင့်ပဲ ကျွန်တော်အခု နာကျင်နေရပြီ hyg... ဘာလို့ ကတိမတည်ခဲ့တာလဲ..။

Carnation ဆိုတဲ့ ပန်းက ပန်းတွေ အားလုံးရဲ့ အစ လို့ဆိုကြတယ်။ ချစ်ခြင်းနဲ့ ရောစပ်ထားတဲ့ ဖြူစင်တဲ့ သွေးစက်ကနေ စတင်ပေါက်ဖွားလာတဲ့ ပန်း။ ရှေးဟောင်း ဂရိနတ်ဘုရားတွေ အမြတ်တနိုးထားပြီး သရဖူတွေမှာ အလှဆင်တဲ့ ပန်းမျိုး။

Deja Vu || Taegi ||Onde histórias criam vida. Descubra agora