MAMA's Backstage

1.8K 185 13
                                    

Namjoon ရှေ့မှာမက်တပ်ရပ်ကာ ခေါင်းလေးငုံ့နေကြတဲ့ Taehyung နဲ့ Jungkook...

"Ya...မင်းတို့မနက်ဖြန် MAMA ပွဲတက်ရမယ်ဆိုတာမသိဘူးလားဟမ်...Jeon Jungkook မင်းကရောစုန်းလားကဝေလား လည်ပင်းမှာအရာထင်အောင်လုပ်ရလား..."

မနေ့ညက Taehyung တစ်ယောက် Fic ဖတ်ပြီး စိတ်ကောက်နေလို့ Jungkook ချော့ရင်းစိတ်မထိန်းနိုင်ဘဲ ကြမ်းမိသွားတာကြောင့် Namjoon ကသူတို့နှစ်ယောက်ကိုခေါ်ဆူနေခြင်းဖြစ်သည်...

"Hyung ကလည်းမိတ်ကပ်နဲ့ဖုံးလိုက်ရင်ရတာကို "

"ရတာတော့သိတာပေါ့...မင်းတို့ဟာကသိတာသိစေမမြင်စေနဲ့မဟုတ်တော့ဘူး Dispatch မှာတခါတည်းသွားဝန်ခံလိုက်ပါတော့လား..တကယ်တည်း ဒီကလေးနှစ်ယောက်ကိုဘယ်လိုထိန်းရမှန်းကိုမသိတော့ဘူး.."

Namjoon ကပြောဆိုပြီးထွက်သွားပေမယ့် Taehyung နဲ့ Jungkook တစ်ယောက်ကိုတစ်ယောက်ခေါင်းစောင်းကြည့်ကာပြိုင်တူရယ်မိလိုက်ကြသည်...အမြဲနှစ်ယောက်အတူ အဆူခံနေကြမို့လို့အထူးအဆန်းမှမဟုတ်တော့တာပဲလေ...

နောက်ရက် MAMA ပွဲကိုရောက်တော့ ခုနှစ်ယောက်အတူတက်ကြသည်...သူတို့7ယောက် Idol တွေအတွက်နေရာချပေးထားတဲ့နေရာမှာထိုင်လိုက်ကြပြီး Fan တွေကိုလက်ပြနှုတ်ဆက်လိုက် အသဲပုံလေးလုပ်ပြလိုက်နှင့်သာ...

Namjoon က Taehyung နဲ့ Jungkook ကိုအတူမထိုင်ခိုင်းတာကြောင့် နှစ်ယောက်သား မသိမသာလှမ်းလှမ်းကြည့်ရင်း မျက်လုံးနဲ့သာစကားပြောနေရသည်...

အရေးထဲ Taehyung ရဲ့ Fanboy Jihoon ကလာနှုတ်ဆက်တာကြောင့် Jungkook အဝေးကသာသဝန်တိုနေရသည်...သူ့ကောင်လေး Taehyung ကဒီနေ့ပွဲမှာဘယ်လောက်တောင်ချောလိုက်လဲ သူတောင်ကြည့်မဝဘူး...

"မင်းမျက်နှာကြီးလည်းထိန်းဦး...အဲ့တာကြောင့် မင်း Taehyung ကိုသဝန်တိုတာ Fan တွေဆီမှာခနခနမိနေတာ...မပြောလိုက်ချင်ဘူး ခနလေးခွဲနေရတာကို"

Namjoon ကခပ်တိုးတိုးကပ်ပြောလာသည်...

"Hyung ကြောင့်လေ...အဲ့တာဆိုကျတော်လည်းသဝန်မတိုရတော့ဘူးပေါ့..အခုတော့ကြည့်ဦး ဟိုကောင်လေးကပြုံးဖြီးနေတာပဲ ဘာတွေပြောနေကြမှန်းမသိဘူး "

Taekook One Shot collectionWhere stories live. Discover now