Ep-11

34 3 0
                                    

"""အရှင့်ရဲ့Bunny""
     Part (11)
Brightwin fan fiction (boy-love) 💖💛
                                        Author-Angel

''''Winကို ကို သိပ်ချစ်နေလို့ပေါ့ ""

Brightရဲ့ စိတ်ထဲက အခုလိုမျိုး  ဘယ်နှစ်ကြိမ်ဖွင့်ပြော
မိခဲ့ပီလဲ Brightကိုယ်တိုင်ပင် မမှတ်မိတော့ပါ

Bright ရင်ထဲက ချစ်စကားတွေကို Win သိအောင်
Win ကြားအောင် တဖွဖွ တတွတ်တွတ် ပြောပြလိုက်ချင်ပါသည်
ဒါပေမဲ့  ယောင်္ကျားတွေနဲ့ အပေါင်းအသင်းမလုပ်တတ်တဲ့
Win က သူ့ ကို ချစ်နိုင်ပါ့မလား  အခု တောင် တစ်ဦးတည်း
သော ကံကောင်းသူ အဖြစ်နဲ့ Win ဆီက ခင်မင်မှု့ ကို ရခဲ့သည်
ဖွင့်ပြောလိုက်ရင်  ဒီအနေအထားလေး ပျက်ပြယ်သွားမှာကို
Bright အလွန်ပင် စိုးရိမ်မိပါသည် "" Win ရယ်""

""ဘာမှမဖြစ်ပါဘူး စကားတွေ များမနေနဲ့တော့လေ Win
မနက်ဖြန် အလုပ်သွားရဦးမှာ အိပ်တော့လေ ""

ရင်ထဲကစကားတွေကို ဖွင့်ပြောဖို့ Bright မရဲဝံ့ခဲ့ပါ သိပ်သတ္တိ
နည်းတယ်လို့ ပြောပြော သိပ် အ, တယ်လို့ပဲပြောပြော Win
ရဲ့ မျက်ဝန်းတွေထဲမှာ သာမန်ခင်မင်မှု့ ထက် ပိုမိုတဲ့  ခင်မင်မှု့ 
တွေကို မြင်နေရပေမဲ့ Win ကို သိပ်ချစ်ကြောင်းကိုဖွင့်မပြောရဲ
တာ Brightရဲ့ အားနည်းချက်ကြီးပါပဲ ဖွင့်ပြောလိုက်ရင် Win
နေရထိုင်ရ ခက်ခဲသွားမှာလည်း စိုးရိမ်ရပါသည်လေ

"" P'brightက အိပ်ချင်နေပီလား ကျွှန်တော်က မအိပ်ချင်
သေးပါဘူး ဒါဆို P'bright က ချစ်သူမထားဖူးတော့
First kiss လည်း မရှိဖူးဘူးပေါ့ ဟီး"""

အိပ်ပါတော့ဆိုသော်လည်း ပြောင်သလို လှောင်သလိုနဲ့
ထပ်မံ၍ ထွက်ပေါ်လာတဲ့ Win ထံမှ အသံကြောင့်
Bright ခန္ဓာကိုယ်ကို Win ဖက်ကို လှည့်လိုက်ပါသည်
Win ကလည်း လှည့်လာသည်မို့  ကျောပေးတဲ့ အနေအထား
နဲ့ အိပ်နေကြတာမို့ နှစ်ဦးစလုံးက  ခန္ဓာကိုယ် လှည့်လာကြတော့
မျက်နှာချင်း ကပ် နီးစပ်သွားကြပါသည်

မျက်လုံးချင်း ဆုံမိတဲ့ ခဏမှာ Bright ဘယ်လိုမှ မထိမ်းနိုင်တော့
ထဲအဆုံး

""ကျွှီ "" အို --

"'ဒါ ကို့ရဲ့ First kiss ပဲ win""

ရုတ်တရက် လှမ်း၍ win ရဲ့ နူတ်ခမ်းလေးကို နမ်းရှိုက်
လိုက်သည်မို့  ကြောင်သက်သက်လေး ဖြစ်နေတဲ့ Win ကို
ကြည့်၍ Brightရဲ့ စိတ်တွေ ပိုမို နိုးကြွ လာရပါသည်
brightတစ်ယောက် ကိုယ့်စိတ်ကို သိ၍ အိပ်ယာမှ မြန်မြန်
ထလိုက်ပီး ထွက်သွားရန် လုပ်တာ့မှ Win က လှမ်း၍ဆွဲ
ထားပါသည်

""အရှင့်ရဲ့ Bunny""Where stories live. Discover now