Ep17

32 2 0
                                    

""အရှင့်ရဲ့Bunny""
   Part (17)
Brightwin fan fiction( boy-love) 💖💛
                                       Author-A zanar

ချစ်ရသူ Bright ခေါ်ဆောင်ရာ နောက်ကို win တစ်ယောက်
ကုတ်ကုတ်ကလေး လိုက်ပါလာခဲ့ ပါသည်

အိမ်ကို ရောက်တော့ ကလေးတစ်ယောက်လိုပြုစု ယုယနေတဲ့
brightကို win အကဲပိုတယ်လို့ စိတ်ထဲက ထင်မှတ်မိနေပေမဲ့
ကျေနပ်စွာနဲ့ပါ ဟုတ်ပါတယ်လေ

Brightက အိမ်ကို ရောက်တော့ Win ကို သူကိုယ်တိုင်
ရေချိုးပေးရှာသည် ဆံပင် တွေကို လေမှုတ်စက်နဲ့ ခြောက်
သွေ့အောင် လုပ်ပေးသည် ပီးတော့ win အတွက်
ဝယ်ထားတဲ့ ညအိပ်ဝတ်စုံလေးကို ဝတ်ပေးပီး win ရဲ့
ကိုယ်လေးကို ပွေ့ချီကာ  မွေ့ယာပေါ်မှာညင်သာစွာချသိပ်
လိုက်ပါသည်

Win ကတော့ စိတ်ကောက်ပြေစမို့ Brightပြုမှု သမျှကိုချွှဲချွှဲလေးနဲ့ ရစ်ဝေဝေ ကြည့်ရင်းသာငြိမ်နေမိပါသည်  BrightကWin
ရဲ့ ဆံပင်လေးကို ပွတ်သတ်ပေးပီး အိပ်ခန်းအပြင် ထွက်သွား
မည်အလုပ်တွင်

>> ကိုကို>>>

Winက ကမန်းကတမ်း ထပီး Brightရဲ့ နောက်ကျော ခါးသွယ်လေးကိုဖက်တွယ်ထားလိုက်လေသည် မျက်နှာလေးကို Brightရဲ့
ကျောလေးပေါ်ကို ဖိကပ်ရင်း""ကိုကို"လို့  ခေါ်လိုက်သည်မို့  Brightက လည်း သိုင်းဖက် ထားတဲ့ Win ရဲ့လက်လေးတွေကို
ကြင်နာစွာ နဲ့ဖွဖွလေး ပွတ်သတ်ပေးရင်း

>> ခဏလေးပါ ချစ်ရဲ့ ကိုကို ချစ်အတွက်
နွားနို့ သွားယူမလို့နော် >>>

>> ဟအင်း နွားနို့ မသောက်ချင်ဘူး>>

>> ဟင် ချစ်ကပြောတော့ညတိုင်း နွားနို့သောက်မှ
အသားအရေ လှမှာ စိုပြေမှာဆို>>

>>အင်းပေါ့ ဒါ-ဒါပေမဲ့>>

>> အဟိ ဒါပေမဲ့ ဒီနေတော့ ကိုကို့ ကိုပဲ လိုတယ်လို့
ပြောချင်တာပေါ့ >>

>>>ဟွန်း မဟုတ်ပါဘူးနော် သူထင်ချင်ရာ
လျှောက်ထင်နေပီးတော့ ဟင့်  >>>

Win က Brightကို မျက်စောင်းလေးတစ်ချက်ထိုးပစ်
လိုက်ပါသည်

>>> မဟုတ်ဘူးပေါ့ အာ့ဆို ကိုကို သွားယူလိုက်
မယ်လေ >>>

""အရှင့်ရဲ့ Bunny""Where stories live. Discover now