ရှထင်းဝမ်က သူ့ကိုယ်သူ နိုးနေတာသိပေမယ့် မျက်လုံးမဖွင့်ချင်သေးဘူး။သူ့ခန္ဓာကိုယ်ကို စောင်ပျော့လေးနဲ့ရစ်ပတ်ထားတာက အိပ်မက်ထဲကလို စုယန်ရဲ့ပွေ့ဖက်ခံနေရတာနဲ့ တူတယ်လို့ ခံစားမိတယ်။
သူက အိပ်မက်ထဲကနေထွက်ပြီး အေးစက်တဲ့ ပစ္စုပ္ပန်ဆီကို ပြန်လာဖို့ တွန့်ဆုတ်နေမိတယ်။အိမ်မက်လို အမှတ်တရတွေထဲမှာပဲ ဆယ်မိနစ်ဖြစ်ဖြစ် သုံးမိနစ်ပဲဖြစ်ဖြစ် ပုန်းထားနိုင်ရင် ပိုကောင်းပါရဲ့။
ရှထင်းဝမ်က အိပ်ရာထဲမှာနေရင်း သက်ပြင်းရှိုက်လိုက်တယ်။နှိုးစက်နောက်တစ်ခါ မြည်လာတာကို စောင့်ပြီးမှ ပင်ပန်းစွာ ထထိုင်လိုက်တယ်။
ဒီနေ့ သူကျောက်နန်ရှုနဲ့ ကိုယ်ပိုင်ငွေကြေးကိစ္စကို စပြီး ဖြေရှင်းရမယ်။
သေချာပေါက်ကို ဒီလိုကိစ္စမျိုးက အရင်ကတည်းက စလုပ်ခဲ့သင့်တာဆိုပေမယ့် ရှထင်းဝမ်က စိတ်နဲ့လူနဲ့မကပ်နေတာကြောင့်ရယ် ကျောက်နန်ရှုကလည်း သူ့ကို ဒုက္ခမပေးချင်တာကြောင့်ရယ် ကြာနေခဲ့တာ။ဒါပေမဲ့ယင်းနင်ရဲ့အကြောင်းသိသွားပြီးတော့ သူကိုယ်တိုင် စောင့်ရှောက်ဖို့နဲ့ ကိစ္စအများကြီးကိုဂရုစိုက်ဖို့ ရှိနေတာကြောင့် သူချက်ချင်းပဲစလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ဒါပေမဲ့ သေသေချာချာ စိစစ်ကြည့်တဲ့အခါမှ သူ့ရဲ့ ဝင်ငွေက ဘယ်လောက်တောင် အခြေအနေဆိုးနေလဲ ဆိုတာ ပထမဆုံး သဘောပေါက်သွားတော့တယ်။သူအဖြစ်က တစ်ချိန်ကထိပ်ဆုံးစတားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်လို့ပြောရင်တောင် ယုံကြမှာ မဟုတ်တော့ဘူး။
သူစုယန်ကို လက်ထပ်ခဲ့ရတာက ပထွေးရဲ့ကုမ္ပဏီကြီး အဓိက ငွေလည်ပတ်မှုက ပျက်စီးသွားခဲ့တာကြောင့်ဖြစ်တယ်။အလုပ်သမားတွေကို လစာမပေးနိုင်ရုံတင်မကပဲ ဘဏ်မှာလည်း အကြွေးတွေ အများကြီးတင်ထားသလို အပြင်မှာ အတိုးချေးယူထားတာတွေလည်း ရှိခဲ့တယ်။
အဲ့အချိန် ရှထင်းဝမ်က Cannes မှာဆုရခဲ့တဲ့ သရုပ်ဆောင်အဖြစ် ကျော်ကြားခဲ့ပေမယ့် သူရိုက်ခဲ့တာက စာပေရုပ်ရှင်(စာအုပ်ကနေရိုက်ထား) တစ်ခုသာဖြစ်ပြီး စီးပွားဖြစ်ရုပ်ရှင်မဟုတ်ခဲ့ဘူး။ရိုက်ကူးဖို့ စာချုပ်ချုပ်ခဲ့တဲ့အခါ သူက မျက်နှာသစ်လေးပဲ ရှိသေးတာကြောင့် သူ့ရဲ့ကျော်ကြားမှုက သူ့ရဲ့အကျိုးခံစားခွင့်နဲ့ တိုက်ရိုက် အချိုးမကျခဲ့ဘူး။သူ့လက်ထဲမှာ ကြီးကြီးမားမားရှိတာဆိုလို့ အာရှ-ပစိဖိတ်ဒေသအခြေစိုက် ဥရောပ ဇိမ်ခံbrandတစ်ခုရဲ့ ထောက်ပံ့မှုရတာပဲ ဖြစ်ပြီး နောက်ထပ်ရုပ်ရှင်တွေဆီက အခုထိ ရွေးချယ်ခံရမှု မရှိခဲ့ဘူး။
YOU ARE READING
မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translation
Romanceoriginal title-离别前后 Author -丧心病狂的瓜皮 Total-42 chapters ဒါလေးက အခုတလော ဖတ်ဖြစ်နေတဲ့ Miss you manhua လေးရဲ့novel ကို ဘာသာပြန်ထားတာပါ..manhuaစောင့်ဖတ်ရင်းလောင်ရမှာပေမယ့် သူများထက်စောစောကြိုလောင်ချင်သူများအတွက်ပါ..အပိုင်းနည်းတယ်ဆိုတော့ အမြန်ဆုံးနည်းနဲ့...