Chapter(12.2)

1.7K 220 26
                                    

[Unicode]

  

  ယင်းနင်က ခဏလောက် ဘာလုပ်ရမှန်းမသိ ​ဖြစ်သွားတယ်။ဒါ​ပေမဲ့ ခွေးကြီးရဲ့ ဖော်ရွေတဲ့အပြုအမူကြောင့် ​ပြန်မှီလိုက်ပြီး ကိုးယို့ကားယားနဲ့ ခွေးလည်ပင်းကို ချစ်ခင်စွာ ပွေ့ဖက်ထားလိုက်တယ်။

 golden retriever ကပိုလို့​တောင် ကဲလာ​ပြီး ခုန်တက်ကာ ယင်းနင်ရဲ့ ပါးကို ထပ်ခါထပ်ခါ လျှက်နေတယ်။​ခွေးကြီးရဲ့ လျှာနွေးနွေးကြောင့် ယင်းနင်က ယားလို့ ရယ်နေတယ်။

  ​ဒါက ကောင်ငယ်​လေး သတိအပြည့်နဲ့ တောင့်တင်းမနေဘဲ  ရယ်မောနေတာကို ရှထင်ဝမ် ပထမဆုံး မြင်ဖူးတာပဲ။

  ဒီအရွယ် ကလေးတစ်​ယောက်ရဲ့ မျက်ခုံး​လေး​တွေ ကွေးနေပြီး အပူအပင်ကင်းတဲ့ ရယ်​နေပုံလေးက လူတွေကို ချစ်စရာကောင်းတယ်လို့ ခံစားရစေသလို နည်းနည်းလေးလည်း သနားစိတ်ဝင်လာစေတယ်။ 

  သူပဲ တကယ်မကြီးပြင်း မရင့်ကျက်လာသေးလို့လားမသိ။ယင်းနင်နဲ့ သူက အရမ်းနီးစပ်တယ်လို့ မကြာခဏခံစားရတယ်။

  သူ့ကိုယ်သူ နားလည်သလောက် ယင်းနင်ကိုလည်း နားလည်တယ်။

  ရှထင်ဝမ်က သိပ်မဝေးတဲ့နေရာမှာ  ရပ်နေပြီး ဒီဘက်ကို တိတ်တဆိတ် လှမ်းကြည့်နေတဲ့ စူးယန်ကို ကြည့်လိုက်တယ်။

  သူနဲ့စူးယန်က လက်ထပ်ခဲ့တာ ငါးနှစ်ရှိခဲ့ပြီဆို​​ပေမယ့် နှစ်ယောက်လုံးက ယောကျ်ားတွေပဲ မို့လို့  မိသားစု​အကြောင်း၊သားသမီးအ​ကြောင်း သိပ်မစဥ်းစား ဖြစ်ကြဘူး။အခုတော့ သူ့စိတ်ထဲနည်းနည်း ရှုပ်ထွေးနေတယ်။တကယ်လို့ စူးယန်သာ ဖခင်တစ်ယောက်ဖြစ်လာမယ်ဆို ဘယ်လိုမျိုးဖြစ်​နေမလဲ။ 

  သူက  အင်မတန်လုံခြုံမှုပေးတယ်လို့ ခံစားရစေမယ့် အဖေမျိုးဖြစ်လာမှာပဲ။

 ရှထင်ဝမ်က ဖခင်မေတ္တာကို တစ်ခါမှ မခံစားခဲ့ရဖူးဘူး။

  ဒါ​ပေမဲ့ စူးယန်နဲ့အတူရှိ​ပြီး​တော့ သူ့တို့ရဲ့ နူးနူးညံ့ညံ့ ဆက်ဆံရေးကြောင့်လားမသိ သူလွတ်လပ်ပြီး လုံ​ခြုံ​စိတ်ချရမှုကို ခံစားရတယ်။

မကွာရှင်းခင်နဲ့ ကွာရှင်းပြီးတဲ့နောက်(Before and after divorce)MM translationWhere stories live. Discover now