Bab boy & His partner 🦋

976 46 0
                                    

Kim Taehyung ကသာ ကဝေလေးဆိုရင် Park Jiminက အဲ့ကဝေလေးနဲ့အတူလိုက်ဆိုးပေးမဲ့ကဝေလက်တွဲဖော်လေး....

Kim Taehyung ဆိုတာကျောင်းမှာအမြဲအဆိုးအပေကောင်လေး...ထို့အတူပတ်ဂျီမင်ဆိုတာလည်း Kimနဲ့အတူဆိုးဖော်ဆိုးဖက်...

ဟက်...အဲ့လိုပြောလို့ ကျွန်တော်တို့ကသူငယ်ချင်းလားဆိုတော့ ဘယ်ဟုတ်မလဲ။

ကျွန်တော်တို့က ချစ်သူတွေလေ စတွေ့ခဲ့တာက‌လည်း ရန်ပွဲတစ်ပွဲမှာပေါ့။စတွေ့ချင်းပဲစရိုက်တူလို့ပေါင်းရာကနေတစ်ဖြည်းဖြည်းသံယောဇဉ်‌တွေတွယ်လာရင်း

Taehyungဘက်ကစပြီးဖွင့်ပြောခဲ့တယ်။

ကောင်းကင်မှာတိမ်စိုင်လေးတွေအစုံအလင်ရှိနေပြီးရာသီဥတုသာယာနေတဲ့နေ့လေးမှာပေါ့။

ကျွန်တော်မှတ်မိပါသေးတယ် ထယ်ကကျွန်တော့လို့ကောင်မျိုးကို တစ်ကျောင်းလုံးရှေ့မှာဖွင့်ပြောခဲ့တာကို

"ဂျီမင်း မင်းကကိုယ်နဲ့အတူတစ်သက်လုံးလက်တွဲဖော်အဖြစ် မိုက်ဖော်မိုက်ဖက်အဖြစ်ရှိပေးနိုင်မလား"တဲ့လေ

အခုဆိုရင်သူနဲ့တွဲလာတာတစ်နှစ်တောင်ပြည့်တော့မယ်ကျွန်တော်ကအရင်လိုမဆိုးမမိုက်တော့ပေမဲ့သူကတော့ဆိုးဆဲမိုက်ဆဲလူမိုက်လေး..

အခုလည်းဘယ်မှာရန်ဖြစ်ပြီးပြန်လာမှန်းမသိဒဏ်ရာတွေနဲ့

ထယ်ရာ မင်းကိုရန်မဖြစ်ပါနဲ့တော့လို့ကိုယ်ပြောထားပြီးသားလေ ကိုယ်တောင်ရန်မဖြစ်ပဲအေးဆေးနေချင်နေပြီ ထယ်ကကိုယ့်စကားဆိုအမြဲနားမထောင်ဘူး..သူ့အားဆူကာတစ်ဖက်ကိုလှည့်သွားတဲ့မင်

မင်လေးရာအဲ့လိုကြီးတော့မခေါ်ဘဲမနေပါနဲ့ထယ်ဆင်ခြင်ပါ့မယ် အဲ့တာကြောင့်ခုလိုကြီးစိတ်မဆိုးလိုက်ပါနဲ့ ထယ့်ကောင်လေးကချစ်စရာလေးနဲ့နှုတ်ခမ်းကြီးဆူထားရင် ထယ်ကအဲ့နှုတ်ခမ်းလေးကိုနမ်းချင်လာရော..

ဒါကတော့မင်စိတ်ကောက်ရင်ချော့နေကျထယ့်စကားအလှလေးတွေပေါ့။ ထယ့်ကောင်လေးအလှလေးကို ထယ်ကစကားလုံးလှလှလေးတွေနဲ့ပဲအမြဲချော့နေကြလေ။ဒီစကားအလှလေးတွေထဲ အလှလေးကအမြဲကြွေနေကြဆိုတာကအမှန်တရား

ထယ် ကိုယ်တို့မြန်မြန်လက်ထပ်ချင်ပြီ လက်ထပ်ပြီးအေးချမ်းတဲ့နေရာမှာကိုယ်တို့ပျော်ပျော်ရွှင်နေချင်ပြီ မင်းဆိုးနေတာတွေကို ကိုယ်မကြိုက်တော့ဘူးထယ် ကိုယ်တို့မှာမိဘလည်းရှိတာမဟုတ်ဘူးဒါကြောင်ကိုယ်တို့ အတွက်အစ်ကိုတွေလိုဖြစ်နေတဲ့ Jin Hyungနဲ့ Joon Hyungတို့ကို သက်သေထားပြီး မြန်မြန်လက်ထပ်ရအောင်ကွာနော်....

မင်ကလည်းစောပါသေးတယ် ကိုယ်တို့ကကျောင်းမှမပြီးသေးဘဲ ပြီးတော့ကိုယ်ကဒီအလှလေးတစ်ယောက်ထဲကိုပဲချစ်နေတာကိုဘာတွေလောနေတာလဲ မင်ငယ်ရယ်..

လက်ထပ်ဖို့ကအေးဆေးပေါ့ ကိုယ်ကရည်စားဘဝနဲ့မင့်ကိုချစ်လို့တောင်မဝသေးဘူး....

အချစ်ငှက်လေးနှစ်ကောင်ဟာ အတန်းလည်းမတတ်ဘဲကျောင်းပန်ခြံထဲထိုင်ကာတစ်ယောက်ရင်ခွင်ထဲတစ်ယောက်မှီနေရင်းကနေလက်ထပ်ဖို့အကြောင်းတွေးနေလေရဲ့

Bad Boy & His PartnerDonde viven las historias. Descúbrelo ahora