Extra 3

2.3K 84 2
                                    

( Unicode)

" ဟိုကောင်လေး ကျောင်းသွားမှာမလား ကလေးရောခေါ်သွားမလို့လား "

ကျွန်တော် ကျောင်းသွားရန် ပြင်ဆင်ပြီး
သားလေးအားချီကာထွက်လာတော့
ဧည့်ခန်းတွင်ထိုင်နေသော လူကြီးအမေက လှမ်းမေးသည်။

" သားလေးကို မယ်မယ်တို့အိမ်မှာထားခဲ့မှာဗျ "

" ဒီအိမ်မှာထားခဲ့တော့ရော ဘာဖြစ်သွားမှာမို့လို့လဲ "

" ဟို...ကျွန်တော်က အန်တီတို့ အလုပ်ရှုပ်မှာစိုးလို့ပါ "

" ဘာမှအလုပ်မရှုပ်ဘူး ငါလဲအလုပ်မသွားဘူး ထားခဲ့လိုက် "

" ဟုတ် "

ကျွန်တော်သားလေးအား လူကြီးအမေ လက်ထဲထည့်ပေးလိုက်သည်။

" သားလေးရေ ဖေဖေသွားပြီနော် တာ့တာ "

ကျွန်တော်ပြောတော့ သား​​လေးက ရီပြနေသည်။

" ကျွန်တော် သွားပြီဗျ "

" အင်း "

ကျွန်တော် လူကြီးအမေအားနှုတ်ဆက်ပြီး ကျောင်းသို့ဦးတည်ခဲ့လိုက်သည်။
လူကြီးအမေက ကျွန်တော့်ကို ဘာမှပြဿနာမရှာပါ။သားလေးကိုတောင် ကူထိန်းပေးနေသည်။ကြည့်ရတာ နည်းနည်းတော့ အမြင်ကြည်လာပြီထင်တယ်။
--------------------------------------------------

" ရှင်းမြတ် မင်းအစ်ကိုမင်းသူအောင်နဲ့
ဘာဖြစ်ထားတာလဲ ဖန်ခွက်နဲ့ပေါက်လိုက်တယ်ဆို "

" မပြောချင်ပါဘူးကွာ........
အဲ့လူကြီးကိုက အချိုးမပြေတာ
ငါတို့တွေ့ဖို့လုပ်ထားတိုင်း အမြဲနောက်ကျတယ်ကွာ အဲ့တာအလုပ်များနေလို့ ထားပါ ငါခွင့်လွှတ်ပေးတယ်ကွာ
ဒါပေမဲ့ စိတ်ဆိုးရင်တော့ ချော့သင့်တယ်မလား ငါစိတ်ဆိုးတိုင်း မုန့်ကျွေးမယ် မုန့်ကျွေးမယ်နဲ့ ငါကအငတ်ကြီးလား....ပြီးတော့ ရှိသေးတယ် ငါစိတ်ဆိုးတဲ့နေ့က ထွက်သွားလို့ပြောတော့ ထွက်သွားတယ်ကွာ၊ အဲ့နေ့တစ်နေ့လုံး ငါ့ကို message တစ်​စောင်တောင်မပို့ဘူး။နောက်နေ့တော့  မုန့်တွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ ရောက်လာပြီးတော့ မုန့်တွေချပေးပြီး စိတ်မဆိုးနဲ့နော်ညီ လို့ပြောပြီး ဖုန်းလာလို့ ဖုန်းပြောနေတာ နာရီဝက်ထက်ကြာတယ် ငါ့ဘေးမှာထိုင်ပြီးအလုပ်အကြောင်းလောက်ပြောနေတာလေ။ငါ့ကိုရှိတယ်တောင် မထင်ဘူး ဖုန်းပြောနေရင်းက ဟုတ်ပြီအစ်ကိုခုလာခဲ့မယ်ဆိုပြီး ထွက်သွားတာလေ ငါက ကိုမင်းသူအောင်လို့ခေါ်လိုက်မှ အခန်းဝကနေပြန်လှည့်ကြည့်တာ ငါ့လဲ စိတ်ပေါက်ပေါက်နဲ့ ဖန်ခွက်နဲ့လှမ်းပေါက်လိုက်တာ။ပြီးတော့လဲလေ........... "

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now