🐯.5.🐯

6.2K 624 21
                                    

unicode. .

.
.
jungkook တို့ဆေးရုံကနေပြန်လာရင်း
ကျားပေါက်ကတော့ပိုကီ ဆိုင်းဘုတ်ကြီးကို
မြင်သွားပြီးစားချင်ပါသည်ဆိုတာကြောင့်
တော့ပိုကီဝင်ဝယ်နေရခြင်းဖြစ်သည်

တော့ပိုကီအပြင်ငါးအသားချောင်းပါဝယ်ခဲ့
လိုက်သည် ကျားပေါက်တော့မသိပေမဲ့
သူကတော့ငါးအသားချောင်းကို
အတော်ကြိုက်သည်ချိုချိုလေးနဲ့အနံ့
လေးကမွှေးနေပြီး စားချင်စရာအကောင်းဆုံး
ဆိုင်ကိုပြောပါဆိုရင်ဒီဆိုင်လို့သာ
ညွှန်းရမည်

ပုံမှန်အလုပ်ကပြန်ရင်လဲ ဝင်ဝယ်နေကျပင်
ငါးအသားချောင်းချိုချိုလေးကိုတော့ပိုကီ
အစပ်နှစ်ထဲထည့်စားရတာက ဘာနဲ့မှ
မလဲနိုင်အောင်ကိုကောင်းသည်

ငါးအသားချောင်းခြောက်ချောင်းနှင့်
တော့ပိုကီနှစ်ပွဲဝယ်လာခဲ့လိုက်သည်
စပ်ရင်သောက်ဖို့အတွက် ကျားပေါက်ကို
စတော်ဘယ်ရီဖျော်ရည်နှင့်သူကတော့
cokeတစ်ခွက်ပါတစ်ခါထဲဝယ်
သွားလိုက်သည်

ညနေစောင်းရောက်နေပြီဆိုတော့ကျားပေါက်
လဲဗိုက်ဆာနေလောက်ပြီထင်သည်...

"သခင်ဘာတွေဝယ်လာတာလဲဟင်"

"တော့ပိုကီရယ်..ငါးအသားချောင်းရယ်"

တော့ပိုကီ နှစ်ဘူးကိုဖောက်ကာကျားပေါက်
ရှေ့မှာတစ်ဘူးချပေးလိုက်သည်

တူနဲ့တော့ပိုကီကိုဂျောင်ကုကညှပ်စားတာကို
ကြည့်ပြီးသူပါလိုက်စားသည်

"ဝပ်..ဝယ်..ဝါး"

တော့ပိုကီသုံးချောင်းလောက်ကို
တစ်ခါထဲစားရင်းစပ်သွားသည်ထင်
နှုတ်ခမ်းရဲရဲလေးကသိသိသာသာကိုတုန်ယင်
နေကာတရှူးရှူးတရှဲရှဲဖြစ်နေသည်

စတော်ဘယ်ရီဖျော်ရည်ဘူးပိုက်လေးကို
ပါးစပ်နားတေ့ပေးလိုက်တော့မှ
သောက်နေပြီးအစပ်ပြေသွားသည်ထင်

မဝါးရသေးတဲ့တော့ပိုကီချောင်းတွေက
လဲပါးစပ်ထဲမှာပလုပ်ပလောင်းနဲ့ရယ်

"ကုန်အောင်ဝါးလိုက်ဦးကျားပေါက်
ဖြေးဖြေး"

ပါးစပ်ထဲကလက်ကျန်တော့ပိုကီတွေ
အကုန်လုံးကုန်စင်သွားချိန်မှာတော့

Baby Tiger(Completed)Where stories live. Discover now