Part 3 uni

615 95 32
                                    

ဆွစ်တွင် ဖူးစာရှင်ကြီးနှင့် ဒုတိယမြောက် နေ

"ပိစိ...ပိစိ....ထတော့လေ နေမြင့်နေပြီ"
စောင်ပုံကြားထဲ အတင်းကိုတိုးအိပ်နေပါသောသူက မနှိုးရင်ဖြင့် ထဖို့လမ်းမမြင်...

"သုံးမိနစ်ပဲ...နော်...."

"မရဘူးထပါကွာ....ကို မနက်စာတောင် ပြင်ပြီးပြီ  မမှီပဲ နေမယ်...."

"လူကြီးကကွာ...အိမ်က မားသားကြီးကျနေရော...."
အိပ်နေတဲ့သူက တစ်ခွန်းမကျန်စောင်ပုံထဲကနေ တုံ့ပြန်ကာ ပြောဆိုနေသည်ကို သဘောအကျကြီးကျနေမိသည်။မြင်ယောင်မိသား ချွန်ထွက်နေမယ့် နှုတ်ခမ်းလေးကို။

"ရတယ်လေ...."
အိပ်ယာဘေး ခါးထောက်ကာ အသံမ​​ေပးဘဲ ရပ်လိုက်သည်။ပိစိ တစ်ခုခုတော့ တုံ့ပြန်လာမှာ သူသိတာပေါ့။

ဘာသံမှ မကြားရတော့ အခန်းထဲ လူကြီးတော့ မရှိလောက်တော့ဘူးထင်မိသည်။လူက သူ့အသံကြားထဲက မျက်လုံးပြူးနေပြီ တမင် ဂျစ်တိုက်ချင်လို့သာ။ခုတော့ လက်လန်လို့ ထွက်သွားလောက်ပြီ။

စောင်ကို နည်းနည်းချင်း ခွာချပြီး တစ်ချက်ရှိုးလိုက်ချိန်တွင် အိပ်ယာပေါ်သို့ ဝုန်း ခနဲ ပြေးတက်လာတဲ့ လူကြီး။သူ့ခန္ဓာကိုယ်မှ အားမနာ။

လက်ကလည်း အော်တို ေစာင်ကိုဆဲွဲပြီး ခေါင်းမှီးခြုံပြီးသား။နောက်တော့ ကိုယ်ပေါ်သို့ လူကြီးခွတက်လာပုံ ရသည်။ဘယ်လိုလုပ်မလဲ ခုချိန် သူ ရင်ဘတ်ကြီး ပေါက်ထွက်မလို ခံစားနေရသည်။လူကြီး သူ့ကို ဘာလုပ်လိုက်ပါလိမ့်။

အနားစတွေကို ကျစ်ကျစ်ဆုပ်ကိုင်ထားသော်ငြား အားသာသူ လူကြီးကြောင့် စောင်တို့က မျက်နှာကို မဖုံးအုပ်နိုင်တော့။လက်တွေကို ထိုချိန် တင်းတင်းဆုပ်ထားမိနေသည်။မျက်လုံးတွေလည်း ထိုနည်းတူ မှိတ်ထားမိသည်။

တဖြည်းဖြည်း အသက်ရှူသံတစ်ခု နီးကပ်လာတာကို ခံစားမိပြီး ကိုယ်သင်းနံ ့ကိုလည်း အာရုံစိုက်ကာပင် ရှူစရာ မလိုတော့။အနံ့တွေရလေ ပိုပြီး ခံရခက်လေမို့ အသက်ရှူပါ အောင့်ထားလိုက်သည်။ ကျွန်တော် ရုပ်ဆိုးနေလောက်ရောပေါ့။

From Switzerland  || Complete ||Where stories live. Discover now