Part-21(Zawgyi/Unicode)

8.2K 558 11
                                    


Zawgyi

ချစ်သောကျန့်

အပိုင်း(21)

"ကျန့်ထည့်စားလေ....မကြိုက်လို့လာ..ကိုပြန်မှာပေးမယ်
လေ..ဘာစားချင်လဲပြော"

"ကြိုက်ပါတယ်ကိုရဲ့.. ကျန့်ရင်နည်းနည်းပြည့်နေလို့ပါ"

"အဲ့တာဆိုထမင်းနည်းနည်းတော့ဝင်အောင်စားနော်..ပြီရင်
ဆေးသောက်ရမယ်"

"ဟုတ်"

မိန်ယွဲ့ကတော့သူ့ရှေ့တွင်ကဲပြနေသည့်ရိပေါ်ကြောင့်တူကိုတင်းတင်းကိုင်ထားသည်။ပြီတော့အလှဆုံးပြုံးကာ

"ရိပေါ်လဲထည့်စားလေ... ရိပေါ်ကပုစွန်းကြိုက်တယ်မဟုတ်လား..ရော့"

ရိပေါ်ကမိန်ယွဲ့ကိုအဖက်မလုပ်သလိုထည့်ပေးတဲ့ဟင်းလဲမစား။သူကကျန့်လက်ရာကလွဲပြီဘယ်သူ့လက်ရာမှမစားပေ။

"ကျန့်လက်တွေအေးနေတယ်..ဖျားနေတာလား"

ရိပေါ်ကရှောင်းကျန့်နဖူးကိုလက်တင်ကအဖျားစမ်းတယ်။မပူပေမဲ့နွေးနွေးလေးတော့ရှိနေတာကြောင့်စိတ်ပူတာနည်းနည်းတော့လျော့သည်။
ဒီကောင်လေးကအထိအခိုက်မခံပေကျန်းမားရေးချူချာသည်။

ရိပေါ်သူလက်နှစ်ဖတ်နဲ့ကျန့်လက်နှစ်ဖက်ပေါ်ထပ်ကာအနွေးပေးလိုက်အာငွေ့ပေးလိုက်အင်္ကျီထဲထည့်လိုက်နဲ့နွေးအောင်လုပ်နေသည်။

"နွေးပြီလား"

"ဟုတ်"

စစ်ကျွေးကတော့သဲသဲလုပ်ပြနေသည့်ရိပေါ်ကြောင့်ပြုံးစိစိချစ်တယ်လို့မပြောရသေးတာတောင်ဒီလိုဖြစ်နေပြီပြောလိုက်လို့တာကမျက်စီနောက်လိုက်မဲ့ဖြစ်ခြင်း။

မိန်ယွဲ့ခုံအောက်တွင်လက်သီးကိုတင်းတင်းစုပ်ထားသည်။သူ့ရင်ထဲမှာရှောင်းကျန့်ကိုမုန်းတယ်ဆိုယုံအပဘာမှထိခိုက်
အောင်မလုပ်နိုင်ပေ။

ထမင်းစားပြီတော့အဖွဲ့လိုက်ရိပေါ်ရုံးခန်းထဲမှာစုနေကျသည်။ရိပေါ်ကတော့စရင်းတွေလုပ်လိုက်စစ်ကျွေးတို့နဲ့စကားပြောနေသည့်ရှောင်းကျန့်ကိုကြည့်လိုက်နဲ့အလုပ်ရှုပ်နေသည်။စကားပြောလိုက်တိုင်ဆူဆူသွားသည့်နှုတ်ခမ်းလေးကြောင့်
ရိပေါ်မှာနမ်းချင်စိတ်တွေတစ်ဖွာဖွာ
သူငယ်ချင်းတွေရှိလို့ပေါ့မဟုတ်ရင်တော့ဟင်း..ဟင်းဟင်း...
ဘာတွေသဘောကျနေလဲတော့မသိတစ်ခခ်..ခခ်နဲ့ရယ်နေသည်။

ချစ်သောကျန့် (ချစ်သောကျန့်) Completed ✔Where stories live. Discover now