ကြွေ-4-

3.4K 148 11
                                    




"သွားပါစေ သူမရှိမှာဘဲ
စကားအေးဆေးပြောလို့ရမှာ"

မိသားစုအရေးဖြစ်နေပြီ ရပ်ကွက်လူကြီးနဲ့
ပါလာတဲ့ဘော်ဒါတွေကို တောင်းပန်စကားဆိုပြီး သူ ပြန်လွှတ်လိုက်တော့သည်။
အခုတော့ ကလေးအမေနဲ့ ပတ်ကြီးသာကျန်တော့သည်။

" အန်တီ ကျတော်ကို သား
တစ်ယောက်လိုသဘောထားပြီး
ပွင့်ပွင်းလင်းလင်းပြောနိုင်ပါတယ်"

ပတ်ကြီးကပြုံးစီစီနဲ့ ယောက္ခမကို
စကားတွေနဲ့ချုပ်နေပြီဆိုတဲ့ သူတို့ရဲ့ဘာသာစကားအမူအရာနဲ့လုပ်ပြနေသည်။

" မင်းမှာလဲ မိဘတွေရှိတော့တာမှာ
မဟုတ်တာ အမေလို့ဘဲခေါ်ပါ"

" ဟုတ်ကဲ့ပါ အမေ"

ကလေးကတော့ ခုချိန်ထိ သူလက်မောင်းကို
တင်းနေအောင်ကိုင်ထားဆဲ။
ကြည့်ရတာတစ်ခုခုစိုးရိမ်နေပုံရသည်။

"အမေလဲ ပွင့်ပွင့်လင်းလင်းပြောတော့မယ်ကွယ်။
သမီးကအခုမှ ၁၈နှစ်တောင်မပြည့်သေးဘူး။
သူကကျောင်းဆက်တက်ရအုံးမယ်။
အမေကလဲ အဲလ်လာလေးကို ဒီနှစ်အထက်တန်းပြောင်းရ​တော့မယ်ဆိုတော့
ဂျဲန်းနီကျောင်းပိတ်ထားတုန်း အပိုဝင်ငွေလေးရအောင် အလုပ်ဆင်းခိုင်းရုံဘဲရှိသေး မင်းဆီရောက်သွားတာဘဲ"

အမေကပြောတာမောသွားတာမို့
သူချက်ချင်းမီးဖိုချောင်ထဲက
ရေတစ်ခွက်သွားယူလိုက်ပီး အမေကမ်းပေးလိုက်သည်။

" အမေ ရေသောက်လိုက်ပါအုံး"

" အေး ကျေးဇူးဘဲသားရယ်
မိဂျဲန်းနီတို့များ အမေကိုရေတောင်
ခပ်ပေးဖော်မရဘူး "

အမေက ရေသောက်ပြီးတော့
ချောင်းတစ်ချက်ဟန့်လျှက်
ရှေ့ကစကားပြန်ဆက်လေသည်။

" ဆိုတော့ ဂျဲန်းနီကို အမေပြန်ခေါ်သွားချင်တယ်"

" ခင်ဗျာ"

" ရှင့် ..အင့်ဟင်း..
သမီးပြန်မလိုက်ဘူး
သမီးလူကြီး အဲ သမီး ဦးနဲ့ဘဲကျန်ခဲ့မယ်။
သမီး ပြန်မလိုက်ဘူး"

ကလေးက သူအမေပြောပြီး
သူလက်မောင်းကို ပိုတင်းနေအောင်
ဖက်လာသည်။
သူ လဲဘာပြန်ပြောရမှန်းမသိတော့ဘဲ
တံတွေးတွေသာ ခဏခဏမျိုချနေမိသည်။

ကြွေ🔞🔞Where stories live. Discover now