3

465 67 0
                                    

Group Presentationက အဆင်ပြေပြေပြီးသွားတာတောင် မှုံကုပ်နေသေးတဲ့ကျွန်မကို သူငယ်ချင်းနှစ်ယောက်က နေကြာစေ့ခွာစားရင်း အကဲခတ်နေကြတယ်။

ပြီးတော့ ကျွန်မလိုလူက ဒီတိုင်းကြီးငြိမ်ထိုင်နေတာ သူတို့မျက်လုံးထဲ အမြင်မတော်တော့ဘူးထင်ပါရဲ့။ စာသင်ချိန်ပြည့်လို့ ဆရာမလည်း အတန်းအပြင်ထွက်သွားရော ပါးစပ်ကနေ ထုတ်မေးကြပါလေရော။

"နင် တစ်ခုခုဖြစ်နေတယ်မလား"

"ဟင့်အင်း" ဆိုပြီး ပိတ်ငြင်းပစ်လိုက်တယ်။ ဖြေလည်းမဖြေချင်ဘူး။

"မဟုတ်သေးပါဘူး နင်တစ်ခုခုဖြစ်နေပါတယ်.. ပြောစမ်းပါငါတို့ကို"

အထက်တန်းကျောင်းသူဘဝကတည်းက အခုအထိ တောက်လျှောက်ပေါင်းလာတဲ့ ကျွန်မသူငယ်ချင်းတွေက ကျွန်မမျက်နှာအရိပ်အကဲကို သေချာဖတ်နေကြတာ။ ညာလို့လည်းမရသလို ညာလည်းမညာချင်ဘူး။

ဘယ်လိုပြောရမှာလဲ။ ဘယ်ကစပြောရမလဲ။
ကျွန်မ ဘယ်ကစပြီး မကျေနပ်တာလဲ။
မနေ့ညက စာလုပ်နေတုန်း အငယ်ကောင်က ခေါက်ဆွဲထုပ် အတင်းဝယ်ခိုင်းလို့လား။
ဒါမှမဟုတ် ဆေးလိပ်ဝယ်တာကို အငြင်းခံလိုက်ရလို့လား။
ဒါမှမဟုတ်သေးရင်လည်း စိတ်ကူးထဲက ကိုကိုက မောင်လေးဖြစ်သွားလို့လို့ပဲ ဖြေရမှာလား။
'အစ်မ'လို့ အခေါ်ခံလိုက်ရလို့လား။
ကျွန်မကိုယ်တိုင်တောင် သေချာမသိဘူး။

အဲ့အကြောင်းပြန်စပြောရင် အစကနေပြန်ရှင်းရဦးမလားမသိဘူး။ တစ်ခါက ကျွန်မပြောဖူးသလိုပဲ.. ကျွန်မပြောပြတဲ့ကောင်ချောလေးတွေက တန်းစီနေလို့ "ဘယ်တစ်ယောက်လဲ"လို့ တမင်အရွဲ့တိုက်ပြီးပြန်မေးတတ်ကြတဲ့မိန်းမတွေ။

ခံစားချက်က တကယ်မကောင်းဘူး။ တကယ်ဆို မနေ့ညကကိစ္စ မနေ့မှာတင် ချန်ထားခဲ့ပြီး ဒီနေ့ကို အရင်နေ့ရက်တွေလိုပဲ အေးဆေးဖြစ်နေရမှာကို။ 24/7တက်ကြွလွန်နေတဲ့ ကျွန်မအဖို့ ဒီလိုကြီးငိုင်နေရတာ သိပ်မဟုတ်သေးဘူး။

"ဘာမှမဟုတ်ပါဘူးဆိုနေ.. ဒါနဲ့ ညနေအတန်းလစ်မလား"

"အေး ဟုတ်သား လစ်ကြမလား... ဒီနေ့ အဂႅလိပ်စာ တစ်ချိန်ပါလာတာ တကယ် ကံကောင်းသွားတယ်"

The Last Grab ( Lee HeeSeung × OC ) Where stories live. Discover now