7

388 57 3
                                    

ဆေးလိပ်ခိုးသောက်တတ်တဲ့ အထက်တန်းကျောင်းသူဘဝကနေစပြီး ဒီအရွယ်အထိ ဆေးလိပ်တစ်လိပ်ကို တစိမ့်စိမ့်ကြည့်နေရင်းသောက်သင့်မသောက်သင့် ချိန်ဆနေရတာမျိုး ကျွန်မရာဇဝင်မှာ ရှိကိုမရှိဖူးဘူး။

အခုတော့ဆေးလိပ်ကို နှုတ်ခမ်းနား တေ့မလိုလုပ်လိုက်ရင် -
"အစ်မနဲ့ ဆေးလိပ် မလိုက်ဘူး"ဆိုပြီး အနားကပဲလာပြောနေသလိုနဲ့။ လူလည်း ဂယောင်ချောက်ချား။ နင်အတော်ဆိုးတယ် ဟီဆွန်း။ ရှေ့မှာ ဆရာမက Structureသင်နေတာကိုတောင် မမြင်နိုင်ဘဲ projectorထိုးပြသမျှ ငါ နင့်မျက်နှာတွေချည့် မြင်နေတာ။

ခုံနံပါတ်၂၅လေးက နံပါတ်လှတယ်ဆိုပြီး စာအမြဲမေးနေကျဆရာမက ဒီနေ့ငါ့ကိုစာမမေးတာ သိပ်ကံကောင်းသွားတယ်။ မဟုတ်ရင် ဒါဘာလဲလို့ ကောက်ကာငင်ကာမေးရင် အီဟီဆွန်း၊ ဟိုနားကဘာလဲလို့ မေးရင်လည်း အီဟီဆွန်းပဲ ဖြေတဲ့အခါ ငါဒုက္ခများသွားနိုင်တယ်။ ရည်းစားရသွားတဲ့သူငယ်ချင်းကိုလည်း စိတ်မဆိုးနိုင်တော့ဘူး။ ဒရာမာတွေကိုလည်း မလှောင်တော့ဘူး။ တကယ်ပါ ငါ့အဖြစ်က ဆယ်ကျော်သက်လေးလည်းမဟုတ်တော့ဘဲနဲ့ ကမောက်ကမတွေဖြစ်ရတယ်လို့။

ဒါဘာရောဂါလဲ။ အရင့်အရင်အချောလေးတွေထက် ရောဂါရင့်နေပြီ။

ရည်းစားရသွားတဲ့ သူငယ်ချင်းက အတန်းပျက်ပြီးတောင် ခိုးဒိတ်ကြတယ်။ ဘယ်လိုသတ္တိမျိုးနဲ့ ထွက်ရဲကြတာပါလိမ့်။
ကျန်နေတဲ့တစ်ယောက်ကလည်း အစာအိမ်က ရောဂါပြန်ထလို့ ဆေးရုံပြန်တက်ရတယ်တဲ့။ ဒီညနေသတင်းသွားမေးပြီး စကားလေးဘာလေးသွားပြေးပြောပေးဦးမယ်။ သူတစ်ယောက်တည်းပျင်းခြောက်နေရောပေါ့။ အပြင်ထွက်လည်တဲ့သူငယ်ချင်းကတော့ ညနေသေချာပေါက် ဆေးရုံကိုသွားတွေ့မှာ ကျွန်မသိတယ်။

ဒီလိုနဲ့ပဲ သောင်ပြင်လွီတ်တဲ့ဟသႅာတစ်ကောင်လိုမျိုး ယောင်လည်လည်နဲ့ စာသင်ချိန်တွေကို ဖြတ်ကျော်လိုက်ရတော့တယ်။

---

ပျင်းပျင်းရိရိစာသင်ချိန်တွေပြီးတော့ စက်ဘီးနဲ့ထွက်လာခဲ့လိုက်တယ်။ ဟုတ်တယ်။ ဘတ်စ်နဲ့မလာဘဲ တကူးတကကို စက်ဘီးနဲ့လာတာ။ ကျန်းမာရေးနဲ့ညီညွတ်အောင်ပေါ့။ ကားပေါ်ထိုင်ပြီး ဖုန်းသုံးရင်းအမြဲသွားလာနေရင် လူကို ဘေးဥပါဒ်ဖြစ်မှာပေါ့။

The Last Grab ( Lee HeeSeung × OC ) Where stories live. Discover now