Part 14

1.1K 106 12
                                    

ဝရံတာကနေ လှမ်းမြင်နေရသည့် ကောင်းကင် နီဆွေးဆွေး ကို ကြည့်ကာ အတွေးတို့က အတိတ်ထဲမှာ တဝဲဝဲလည်နှင့်  ဘယ်လောက်ကြာကြာ ရပ်နေမိလည်း မသိ။ ခါးမှာ ယှက်နွယ်လာသည့် လက်နွေးနွေးလေးကြောင့် စိတ်တို့က လက်ရှိကို ပြန်ရောက်လာသည်။

"Joon ဘာတွေ တွေးနေတာလဲ ကိုကြီး နောက်မှာ ရောက်နေတာ ကြာပီ "

"သား အကြောင်း တွေးနေတာ ကိုကြီး သားက Joonတို့ကို နားလည်ပေးနိုင်ပါ့မလားဟင် "

"နေသားကျနေတဲ့ သား ဘဝကို ထပ်ပြီး မတူးဆွချင်တော့ဘူး ဘာတွေ လုပ်ရမလဲ မသိတော့ဘူး "

အမှန်ဆို Jin ကြောင့် Jin ရဲ့ ခေါင်းမာမှုတွေကြောင့် အခုဆို ဘယ်သူမှ မပျော်ရွှင်ရဘဲ ဖြစ်နေခဲ့တာပင်။ ပြန်လာမိသည်ကို နောင်တ ရမိ သလိုတောင် ဖြစ်နေသည်။

"နားလည်ပေးနိုင်အောင် ကြိုးစားပြီး ရှင်းပြရမှာပေါ့ Joonရဲ့ "

"ကိုကြီး က ဇွတ်ပြန်လာချင်ခဲ့လို့ Joon လိုက်ခဲ့မှန်းသိပါတယ် "

"အခုလို Joon စိတ်အရမ်းပင်ပန်းနေတာ တွေ့တော့ ကိုကြီး မှားနေပီလား လို့တောင် တွေးမိတယ် "

"ကိုကြီး လေ ရွေးချယ်ခဲ့တဲ့ ဘယ်လမ်းကိုမှ နောင်တ မရချင်ခဲ့ဘူး "

"ဒါမဲ့ ကိုကြီး ရွေးခဲ့တဲ့ လမ်းတွေက ချစ်ရသူနဲ့ ပျော်ရွှင်စရာတွေ ထပ်တူ ကျပေမဲ့ တစ်ဖက်မှာ ရင်းခဲ့ရတဲ့ အရာတွေတွက် နောင်တ တွေ က အများကြီး ရောက်ရောက်လာတယ် "

"Joon ကို ရွေးချယ်ခဲ့တာ နောင်တမရပေမဲ့ ကိုကြီး တို့ တွေ့ဆုံခဲ့တဲ့ ရေစက်က မှားနေတယ်ထင်တယ် "

တွေ့ဆုံခဲ့တဲ့ ရေစက်ကိုတောင် အပြစ်တင်ရလောက်အောင် ကိုကြီးလည်း ပင်ပန်းနာကျင်နေပြီထင်ပါရဲ့။ ဒါမဲ့လည်း ကိုကြီးကို နောင်တမရစေချင်ပါ။ ကိုကြီးကို ပျော်စေချင်လို့ မစွန့်လွှတ်နိုင်လို့ အမှားမှန်း သိရက်နဲ့ ဒီလမ်းကို ရွေးခဲ့တာမို့ လွယ်လွယ်နဲ့တော့ အပျက်စီး အပြစ်တင်မခံနိုင်ပါ။

"ကိုကြီး နှစ်ယောက်လုံးမှားခဲ့လို့ နှစ်ယောက်လုံး အပြစ်ဒဏ်ခံရတာလေ "

Your existenceWhere stories live. Discover now