Part 27

780 50 0
                                    

ဒီနေ့ကတော့ ပုဂံမှာ လည်မည့် ခရီးစဉ်ကို ညနေဘက်ကို ပြောင်းရွှေ့ကာ တနေကုန်လုံး အားနေကြသည့် ကိုဖြူတုတ်တို့မှာ လွန်ခဲ့တဲ့ နှစ်ရက်က နေလောင်ခဲ့သည့် အသားရေ တို့ကို ပေါင်းတင်ကာ နေတော့သည်။

မောင် နဲ့ Ji ကတော့ Hotelရေကူး ကန်မှာ ရေစိမ်ကာ Tae နဲ့ BiBi က Suncreamဘူးတွေနဲ့ အလုပ်ရှူပ်နေကြသည်။ Hyungနဲ့ သင်္ဂါက တော့ ခုထိ မနိုးကြသေးကာ ကြည်သာ ကတော့ ရှိန်း ရဲ့ companyခွဲသို့ ခဏ ထွက်သွားခဲ့သည်။

Ji တို့ အကုန်လုံးက အလုပ်တွေနဲ့ ဝေးရာမှာ အပန်းဖြေ မည်ဟု တွေးထား သောကြောင့် ဖုန်းတွေ ကို အကုန်လုံး Air plane တင်ကာ ထားကြသည်။ ပုံရိုက်ရန် အတွက် cameraတစ်လုံး ဝယ်ကာ ဖုန်းတွေကို ဘယ်သူမှ မထိကြပေ။

ကြည်သာ ပြန်လာတော့ နေ့လည် 2နာရီခွဲပင် ရှိပီ။ ထို အချိန်မှ သင်္ဂါတို့ က နိုးကာ အကုန်လုံး ပြင်ဆင် ပြီးတော့ ညနေ 4နာရီ ဖြစ်‌ကာနေလေပြီ။ ဒီနေ့တော့ Hotelက E bike နဲ့ သွားမည် ဖြစ်ရာ သိပ်မစီးတတ်သည့် ကူးနဲ့ BiBi ကို ကြည်သာက အရင်ဆုံး စီးပုံ ကို ပြောပြကာ Hotelရှေ့မှာ အစမ်း စီးကြည့်ခိုင်းသည်။

မိနစ်အနည်းငယ် ကြာသည့် နောက်မှာ မောင်တို့က အကျွမ်းကျင်ကြီး မဟုတ်ရင်တောင် စီးလို့ရသည့် အနေထားမို့ အကုန်လုံးက E bikeကိုယ်စီနဲ့ ထွက်ခဲ့ကြသည်။

ကြည်သာ တစ်ယောက်ထဲ ရှေ့ကလမ်းပြကာ မောင်နဲ့ Jiက အလယ်က ၊Ji တို့နောက်မှာ သင်္ဂါနဲ့Hyung ဖြစ်ပြီး နောက်ဆုံးမှာ BiBiနဲ့ ယောင်းငယ်။

မောင့်ခါးလေးကို ဖက်ကာ မောင့်ကျောပြင်လေး ခေါင်းမှီပြီး လိုက်ခဲ့ရတဲ့ အချိန်တွေကို သိပ်မြတ်နိုးရတာပဲ။ ဒီကောင်လေးရဲ့ အရာရာတိုင်းမှာ ပါခွင့်ရတဲ့ အခိုက်တန့်တွေက နှစ်တွေ ဘယ်လောက်ကြာကြာ လတ်ဆတ်နေဦးမှာ။ အကယ်၍များ ဝေးခဲ့ရင်တောင် ဒီ အမှတ်တရတွေနဲ့ မင်းမရှိတဲ့ နေ့ရက်တွေမှာ အဆင်မပြေသည့်တိုင် အသားမကျသည့်တိုင် နေတတ်မယ်ထင်ပါရဲ့ မောင်ရေ။

စကြိုက်ထဲက ဂျစ်သမျှ ဆိုးသမျှ ကို သည်းခံပြီး သုံးနှစ်မျှငယ်ကာ လူကြီးကို အချစ်ဟု ခေါ်၍ အလိုလိုက်ခဲ့သော သင်္ဂါ့ကို အချိန်တွေ ကြာလာတာနဲ့အမျှ တကယ်ပင် တွယ်တာလာရသည်။ အချစ်ရေ ဟု ခေါ်တဲ့ အသံ အဆုံးမှာ သူ့ထံပါး အရာအားလုံး ပြိုကျ ပစ်ချင်လောက်တဲ့ထိ ချစ်ရပါတယ် ဂါ ။

Your existenceWhere stories live. Discover now