Prologue

307 29 0
                                    

အေးစိမ့်စိမ့်လွင့်လာသော​လေအ​ဝှေ့တွင် Hemion
ခပ်ပြုံးပြုံးသဏ္ဍာန်ပြု​၍
မျက်နှာချင်းဆိုင်မှအမျိုးသမီးအားနာနာကျည်းကျည်း
ကြည့်လိုက်သည်။

"Bellatrix Black ရှင်က​လေသိလား ၊"

ဆိတ်ဆိတ်​နေခြင်းသည်လက်ခံခြင်းမည်၍
သူမ စကားဆက်လိုက်သည်။

"ယောကျာ်းနှစ်ယောက် သေသွားပြီးတာ​တောင်
မမှတ်​သေးဘူး၊
ထပ်ပြီးသူများတကာကို မြှူဆွယ်​နေတုန်းပဲ "

"​တော်​တော့ "

"အ​ပြောကလွဲပြီးဘာလုပ်နိုင်အုံးမှာလဲ၊
ရှင့်အစွယ်​တွေကျိုး​နေပြီ၊
စိတ်ပျက်စရာပဲ​နော် Mr.Hank ကို​တော့
အလွတ်​ပေးလိုက်စမ်းပါရှင် အို​နေပြီ "

"မင်းကို​တော်လိုက်​တော့လို့​ပြော​နေတယ် "

နှုတ်ခမ်းတင်းတင်း​စေ့ကာ ဝေ့သီလာ​သော
ထိုအမျိုးသမီး၏
မျက်ရည်များကို မမြင်ဟန်ပြု၍ အကြည့်လွှဲလိုက်သည် ။

သူမ မုန်းလှပြီ၊
မချစ်ဟန်​ဆောင်ရခြင်းအား​​မုန်းသည်။
ထပ်တူနာကျင်​နေရခြင်းအား​မုန်းသည် ။

အံကြိတ်၍ထင်းနေသော Jawline အား
နှုတ်ခမ်းဖြင့်ဖိကပ်နမ်းချင်စိတ်ကိုထိန်းချုပ်​နေရခြင်းအားမုန်းသည်။

ချစ်ရသူ၏လက်ထဲမှာမှ တိုက်ဆိုင်စွာအသက်​ပေးလိုက်ရ​​သော Ron အားမုန်းသည်။

အမုန်းမမည်​သော ရင်မောစိတ်နှင့်
သူမထိုင်ခုံ​ပေါ်တွင်​ပျော့​ခွေ​စွာထိုင်ချမိလိုက်သည်။

မျက်နှာချင်းဆိုင်မှ အမျိုးသမီးက​တော့ သူမအားခပ်စူးစူးကြည့်ကာလှည်ထွက်သွားသည်။

ထွက်သွား Bell ၊ ကျေးဇူးပြုပြီး ကျွန်မကိုစိတ်ကုန်ပြီး​ပြေးထွက်သွားလိုက်။
ကျွန်မဘက်က မပြတ်နိုင်တဲ့ဇာတ်လမ်း​တွေကို
ရှင်ကဖြတ်ချလိုက်။

အ​ကြောင်းပြချက်မျိုးစုံနဲ ကပ်တွယ်ထားနေတဲ့
ကျွန်မကို ဖယ်ထုတ်လိုက်။
ကျွန်မကဘက်ကစိတ်ဒုံးဒုံး ဖြတ်ချပြီးထွက်မသွားနိုင်လို့ပါ ။

"ရေ ရေ​​သောက်လိုက်"

ဒူးတစ်ဖက်ထောက်ထိုင်ချကာ
ထိုင်​နေသာသူမ၏ ပေါ်​ပေါ်သို့လက်တင်၍ ရေခွက်အားထိုး​ပေးသည်။

Prologue Where stories live. Discover now