မီးငယ်က အ‌ဆိုးလေးနော် (Unicode)

1.7K 73 3
                                    

နေ့ဟာ လူတော်တော်များများ နားရက်လို့ သတ်မှတ်ထားတဲ့ တနင်္ဂနွေ နေ့လေးပေါ့
အလုပ်ပိတ် ကျောင်းတွေပိတ် ကြတဲ့ နေ့လေးတစ်ရက်
တချို့သော မိသားစုတွေရဲ့ အားလပ်ရက်အနေနဲ့ တစ်မိသားစုလုံး အနားယူကြတာလဲ ရှိကြသည်။

သတ်မှတ်ထားတဲ့ ရက်ဖြစ်တဲ့ အလျှောက်
နှင်းဧကရီ ဆိုတဲ့ မိန်းကလေးဟာလဲ လူသားထဲက လူသားတစ်ယောက်ဖြစ်လို့
သူ့ရဲ့ နားရက်ကိုလဲ တနင်္ဂနွေနေ့တွင်သာ သတ်မှတ်ထား‌ခဲ့သည်။

သူမဟာ နောက်နှစ်အစထဲမှာ အသက်သုံးဆယ်ပြည့်တော့မယ့် မိန်းမ တစ်ယောက်
အများပြောကြသလို ထိပ်စီး ပြောင်းတော့မယ့် မိန်းမ

ကိုယ်ပိုင်စီးပွားရေးကို ပိုင်နိုင် ကျွမ်းကျင်စွာ လုပ်ကိုင်နေပြီး
အမေများရဲ့ ချွေးမအတော်ချင်ဆုံး
ထက်မြက်တဲ့ မိန်းမတစ်ယောက်ဆိုလဲ မမှားပေ။

ဒီနေ့ဟာ သူမနားရက်ဖြစ်တဲ့ အတွက်  အလုပ်အားလုံးကို မျက်ကွယ်ပြုထားဖို့ ဆုံးဖြတ်ခဲ့သည်။

အချိန်အားဖြင့် မနက် ဆယ်နာရီခွဲ။
‌ဆောင်းနှင်းဝေနေတဲ့ ပြင်ဦးလွင်မြို့ရဲ့ မနက်ခင်းမြင်ကွင်းဟာ  အသက်ဝင်လှတဲ့ ပန်းချီကား တစ်ချပ်အလား။ 

သူမရဲ့ နေ့တစ်နေ့ အစကို  ကော်ဖီတစ်ခွက်နဲ့  စတင်ဖို့ ဆုံးဖြတ်လိုက်ကာ အိမ်ရှေ့ ရောင်စုံပန်းများ ပတ်လည်ကြားထဲ အနားယူရန် ပြုလုပ်ထားသော ထိုင်ခုံ သို့ သွားလိုက်သည်။

ကော်ဖီခွက်လေးကို ချကာ
သူမ၏ အိတ်ထဲ၌သာ တစ်ချိန်လုံး အနားယူနေရတဲ့ ဖုန်းလေးကို တစ်ဖန်ပြန်အသက်သွင်းပေးလိုက်သည်။

လူအများနဲ့ ချိတ်ဆက်ပေးသည်ဆိုသော
Facebook app ကို click တစ်ချက်နှိပ်ကာ
စိတ်အပန်းဖြေရန် ဝင်လိုက်မိသည်။

ထိုစဉ် သူမရဲ့ Newsfeed ပေါ်တွင် suggested ဆိုပြီး
Tarot ‌page ရဲ့ post လေး တစ်ခုတတ်လာခဲ့သည်။

သူမရဲ့ ငါးနှစ်အတွင်း အလိုလို ရှိလာတဲ့ အကျင့်များထဲက တစ်ခုကြောင့်
သူမဟာ ထို post လေးကို ဆက်ဖတ်နေမိသည်။
ခေါင်းစဉ်လေးက

"‌ရာသီခွင်များနှင့် သူတို့၏လိုက်ဖက်သော ရာသီခွင်များ" တဲ့

မီးငယ်က အဆိုးလေးနော်..... [GL one short]Onde as histórias ganham vida. Descobre agora