"မိုးပွင့်" မှသည် "မ" ဆီသို့ //Zawgyi//

248 8 0
                                    

"မ" သိလား
မီးငယ်ကလေ မ ကို မြင်မြင်ချင်းချစ်မိခဲ့တယ်ဆိုတာကိုပေါ့ .
မ က မီးငယ်အတွက် အရာရာဖြစ်ခဲ့တာပါ မ ရယ်..
မ နဲ့ တူတူရှိနေရရင်ပျော်တယ်..
မ နဲ့ တူတူရှိနေတဲ့ချိန်တွေဆို ရပ်ထားချင်တဲ့အထိ ရူးသွပ်ခဲ့တာပါ မရယ်..

မ နဲ့ တူတူရှိခဲ့ရတဲ့အချိန်တွေက နည်းတယ်လို့ ထင်ကောင်းထင်နိုင်လိမ့်မယ်
ဒါပေမယ့်လေ မီးငယ်အတွက် ကတော့ အကြာကြီးပဲသိလား

အဲ့နေ့ညက မ ကို မီးငယ်စောင့်နေခဲ့တာ
မ လာမှာပါဆိုတဲ့ စိတ်နဲ့ပေါ့..
မနက် ၁ နာရီထိုးသွားတယ် မ မရောက်လာခဲ့ဘူး..
လာမှာပါ ဆိုတဲ့ မျော်လင့်ချက်လေးနဲ့ ထပ်စောင့်ခဲ့တယ်..
မနက်ခင်းနေထွက်လာတဲ့ထိ မ မရောက်လာခဲ့ဘူး..

မေမေ နဲ့ ဖေဖေကတော့ မီးငယ်ကို ရှာတွေ့သွားခဲ့တယ်..
တကယ်တော့လေ မေမေတို့ရှာနေတာကို ညကတည်းကတွေ့ပေမယ့် မ စောင့်ရမှာမို့လို့ ထွက်မလာခဲ့တာ သိလား..

ဒါပေမယ့်လေ မေမေပြောလိုက်တဲ့ စကားတစ်ခွန်းမှာ မီးငယ်ထိန်းထားသမျှစိတ်တွေနဲ့ ဆုပ်ကိုင်ထားတဲ့မျှော်လင့်ချက်သေးသေးလေးတွေက လွတ်ကျသွားတဲ့ ဖန်ခွက်လေးတစ်ခုလို ကြေမွသွားခဲ့တယ်..

"နှင်းဧကရီ မှာ လက်ထပ်ရမယ့်လူရှိတယ်" တဲ့လေ

မီးငယ်လေ မ ကို အရမ်းမုန်းတာပဲသိလား..
ဒါပေမယ့်လေ မ ကို မုန်းလို့မရတဲ့ မီးငယ် ကိုယ့်ကိုယ်ကိုယ် ပိုမုန်းတယ်..

မ ကို မေ့ချင်လွန်းလို့ မရဲ့ အငွေ့အသက်တွေရှိနေတဲ့ အရာတွေအားလုံးဖျက်စီးခဲ့တယ်..
မ အရမ်းသဘောကျခဲ့တဲ့ မီးငယ်ရဲ့ ဆံပင်ကောက်လေးတွေကိုလဲ အပူတိုက်ပစ်ခဲ့တယ်..

အနည်းဆုံးတော့ မထိတွေ့ခဲ့တဲ့ နေရာတွေ မရှိတော့လောက်ဘူးပေါ့..
မ က ဆိုင်သူရှိပြီးသားဆိုတာ သိနေပေမယ့် မေ့မရခဲ့ဘူး..
မ ကိုကြိုးစားပြီးမေ့ဖို့ တစ်နှစ်နီးပါးအချိန်ယူခဲ့ရပေမယ့် မရခဲ့ဘူး..

မီးငယ်လေ ဆယ်တန်းကျတယ်သိလား..
မေမေတို့ကတော့ ဘာမှမပြောခဲ့ဘူး
ဒါပေမယ့် ဆယ်တန်းတော့အောင်အောင်ဖြေဆိုပြီး
အကြောင်းတစ်ခုပြောပြပြန်ရော..

မ မှာ ဆိုင်သူရှိတယ်ဆိုတာ လိမ်နေတာတဲ့လေ
မေမေတို့က သူ့ကိုလိမ်ခဲ့တာတဲ့လေ
အဲ့စကားကြားတော့ မီးငယ်လေ အမှန်တိုင်းပြောရရင် ပျော်သွားတယ် မ ရယ်..

မီးငယ်စာပြန်လုပ်ခဲ့တယ်
မ နဲ့ပြန်တွေ့ချိန်ကြရင် မ ဆီက အမှတ်ကောင်းတွေလိုချင်လို့

ကံတရားဆိုတာ အရမ်းရီရတာပဲ သိလား
နောက်နှစ်အောင်စာရင်းထွက်ပြီးတော့ အဆောင်က ဆရာမဆီကိုသွားတွေ့တော့ မ ကိုပြန်တွေ့ခဲ့တယ်
မ ကလေ ပြုံးရယ်ပြီးတော့ ဘေးက ယောက်ျားလေးတစ်ယောက်ကို လက်ချိတ်ထားခဲ့တာ..

မီးငယ်လေ မီးငယ် ဘာလုပ်ရမလဲမသိခဲ့ဘူး မ ရယ်
မ က မီးငယ်အပေါ် ညီမတစ်ယောက်ထပ်မပိုခဲ့ဘူးဘဲ..

မီးငယ် ရည်းစားတွေအများကြီးထားခဲ့တယ်
ယောက်ျားလေးရော မိန်းကလေးရော နဲ့ပေါ့
မ ကိုမေ့မယ်ထင်ခဲ့မိတာပေါ့ မမေ့ခဲ့ဘူး..

မီးငယ် ဘာလုပ်ရမလဲ မ ရယ်.....

ဒီစကားလေး မ ကိုသာ ပြောခွင့်မရရင် မီးငယ် စိတ်မဖြောင့်နိုင်မှာဆိုးလို့ ပြောခဲ့မယ်

" မီးငယ် မ ကို အရမ်း ချစ်တယ်" .......

~~~~~~~

စာထဲမှာရေးထားတဲ့ မီးငယ်ရဲ့ ခံစားချက်တွေနဲ့ မီးငယ်ရဲ့ လက်ရေးလေးတွေကို တွေ့ပြီး ဧကရီ ထိန်းထားသမျှ မျက်ရည်တွေဟာ သွန်လာခဲ့တော့သည်။

အခုချိန် သူမပြောနိုင်တဲ့ စကားဟာ
တောင်းပန်စကားကလွဲပြီး ဘာတတ်နိုင်ဦးမှာတဲ့လဲ။

........

အဖြူရောင် အုတ်ဂူလေး နံဘေး မှာ ကောင်မလေးတစ်ယောက်ဟာ ငိုကြွေးနေလျက်ပေါ့....

#ro_ru_ki

မီးငယ်က အဆိုးလေးနော်..... [GL one short]Onde as histórias ganham vida. Descobre agora