Part-2

258 33 1
                                    

Unicode

လူချမ်းသာရပ်ကွက်မှာနေထိုင်ရသော Jeon မိသားစု မျိုးရိုးစဥ်ဆက် နေထိုင်လာသောနေရာဖြစ်ပြီး ပိုင်ဆိုင်မူတွေများသောကြောင့်မသိတယ့်သူသိ​ပ်မရှိ မြေးဆိုလို့ နှစ်ယောက်သာရှိပြီး တစ်မိသားစုလုံးကသဲသဲလှုပ်ချစ်ကြသည် ။

"ယွန်ဂီ ငါတို့အပြင်သွားကြမယ် "

"ဟာ ဂျောင်ကုရာ မင်းဘာသာမင်းသွား ငါခဏနေ Piano သင်ရတော့မှာကွ "

ဟုတ်ပါတယ် ဂျောင်ကုနှင့်ယွန်ဂီသည် ညီကိုဝမ်းကွဲတော်ပါသည် ဂျောင်ကုအဖေ၏ ညီမက ယောက်ကျားဖြစ်သူ၏ မင်မျိုးရိုးကိုယူထားသော​ကြောင့် မင်ယွန်ဂီဖြစ်နေရခြင်းဖြစ်သည်။

" မင်းကလည်းတော်ပြီကွာ ငါမင်းကိုမခေါ်တော့ဘူး"

အသက်ရွယ်တူသာရှိသောဂျောင်ကုသည် သူထက်ပို၍ ကလေးဆန်ပါသည် အရာရာကိုရအောင်ပူဆာပြီး အမြဲ ဂျစ်တိုက်ပါသေးသည်။

တစ်ဖက်၌တွင်...

"ရေးးးပျော်လိုက်တာယောင်း ကိုကို နဲ့အတူတူ ကျောင်းတက်ရတော့မှာပေါ့နော် "

"ဟုတ်တာပေါ့သားငယ်လေးရယ့် ဒီပိစိလေးက ချစ်ရတယ့်ကိုကိုနဲ့ အတူတူကျောင်းတက်ရတော့မှာပါရှင်.."

ထယ်ယောင်းတစ်ယောက် ဒီနေ့မနက်အတော့်ကိုပျော်နေရခြင်းဖြစ်သည်။
အဘယ်ကြောင့် ဆိုသော် ဂျီမင်းနဲ့အတူတူ
ကျောင်းတက်ရတော့မည်ဟု အမေဖြစ်သူ ကင်မ်ထယ်ဟီးမှ အသိပေးချင်းကြောင့်ဖြစ်သည်။

.........

ဂျောင်ကုတစ်​​ယောက်တည်းအပြင်ကိုထွက်လာခဲ့သည် ။ သူအပြင်ကိုထွက်လာတော့ ရုတ်ရက် ဆိုသလို အိမ်ရှေ့၌ ​ဆံပင်ကောက်ကောက်လေးတွေနှင့်ကြွေရုပ်​လေးအတိုင်းချစ်စရာကောင်သော ဟိုးတစ်နေ့ကကောင်လေး...

"ဟေ့ အဲ့မှာ ဘာလုပ်နေတာလည်း"

"ကိုကို့ ကိုစောင့်နေတာ.."

"အင်း ငါမင်းကိုဟိုးနေ့က ကိစ္စလေးတောင်းပန်ပါတယ် "

"အင်းရပါတယ် "

"မင်း ကိုကို့ ကိုဘာလို့စောင့်နေတာလည်း.."

"ဟီး ငါက ကိုကို နဲ့ ကျောင်းအတူတူတက်ရတော့မှာလေ အဲ့တာပြောမလို.."

"Clinging love"Where stories live. Discover now