Part-3

420 51 7
                                    

Unicode

" ထယ် ဘာဖြစ်နေတာလည်းကွာ "

"ငါဘာမှ မဖြစ်ဘူးမောင် "

အေးဆေးတည်ငြိမ်စွာပြောလာသော ထယ်ယောင်း၏ အသံမှာ အရင်ကနဲ့ မတူ ပို၍ ပျတ်သားလှသည်။

" ထယ် မောင်းတောင်းပန်ပါတယ်နော် ထယ် စိတ်ဆိုးနေတာမို့လား မောင် ထယ်စိတ်ကျေနပ်အောင်လုပ်ပေးမယ်လေကွာ "

"ငါ ဘယ်တုန်းကများ မောင့်အပေါ်စိတ်ဆိုးရက်ခဲ့လို့လည်းဟင် ငါကလေ မောင် မင်းထားသွားမှာကို သိပ်ကြောက်မိတာ ငါလည်းလေ နာကျင်ရမယ့်အရာကိုသိပ်မရွေးချယ်ချင်တော့ဘူး"

ဘာလဲ ထယ် မင်းမောင့်ဆီက ထွက်သွားချင်တာလား ဟင့်အင်း မောင် မင်းကိုလုံးဝလက်မလွတ်ဘူးနော် မင်းက ဝိညာဥ်ဆိုရင်တောင် မောင်ကဖမ်းချုပ်ထားမိမှာ

"မောင့်ဆီကနေထွက်သွာဖို့ကြိုးစားနေတာလားထယ်က "

"မောင့် ဆီကနေ ထယ်ထွက်သွားဖို့မကြိုးစားပါဘူး ဘာလို့လည်းဆို ထယ်က မောင့်ကိုအရမ်းချစ်တာမို့ အင်း မောင့်ထက်အရင်ချစ်ခဲ့တာဆိုပိုမှန်လိမ့်မယ်"

"ထယ် သိထားရမှာက မောင့်ထယ့်ကိုချစ်တယ်ဆိုတာဘဲ"

အင်းဒီစကားတွေကမှန်ကန်ရင်ကောင်းမှာဘဲမောင်ရယ်

*************
"ယောင်းငယ် ဘာမှလည်းထည့်မစားဘူးဘာဖြစ်နေတာလည်းဟင် "

ညနေကတည်းကကျောင်းကနေပြန်လာတာစိတ်နဲ့လူနဲ့ကသိပ်မကပ်ချင်ဘူး အခုလည်း ထမင်းစားနေတာဘာမှထည့်မစားမိဘူး ကိုကိုပြောမှဘဲ အသိစိတ်ဝင်မိတယ်...

"ဟီး ယောင်း စာမေးပွဲအကြောင်းတွေးနေလို့ပါကိုကို "

ထယ်ယောင်းအကိုဖြစ်သူအားစိတ်မပူစေရန်မုသားသုံးလိုက်ခြင်းဖြစ်သည်။

"အော် ဒါများယောင်းငယ်ရယ် နားမလည်တာရှိလို့လားကိုကို့ ကိုပြောလေ အခုတော့ အားရှိအောင်စားရမယ် ကိုကိုထည့်ပေးမယ်နော်"

မစားချင်သော်လည်း ကိုကို ထည့်ပေးသောကြောင့် ကျွန်တော် ထမင်းကိုကုန်အောင်စားလိုက်ရသည် ၊ မဟုတ်ရင်လည်း ကိုကို ကစိတ်ပူနေအုံးမည်မဟုတ်လား။

You've reached the end of published parts.

⏰ Last updated: Oct 19, 2021 ⏰

Add this story to your Library to get notified about new parts!

"Clinging love"Where stories live. Discover now