Part1

119 19 3
                                    

"ဟျွန်း ဒီဘက်လှည့်ပါဦး"

ဆိုဖာခုံမှာစာအုပ်ဖတ်နေတဲ့သူမဘေးကိုကြမ်းပြင်မှာထိုင်ကာTVကလာတဲ့ဇာတ်လမ်းကိုကြည့်နေတဲ့ဆူးလ်ဂီကရောက်လာသည် ထို့နောက်သူ့ဘက်ကိုလှည့်ခိုင်းသည် စာအုပ်ကိုစားပဲွခုံပေါ်တင်ကာ ခိုင်းတဲ့အတိုင်းလှည့်လိုက်သည်နဲ့ ဆူးလ်ဂီကသူမမေးစေ့ကိုဖွဖွလေးကိုင်သည် ကိုင်ထားရင်းပင်သူမမျက်နှာကိုအသေးစိတ်ကြည့်ရင်းပြုံးသည် ဆူးလ်ဂီအပြုံးကသူမအတွက်ရင်အေးဆေးတစ်ခွက်ပင်ဖြစ်သည် နောက်တော့မေးစေ့ကိုသူ့မျက်နှာနားဆဲွကာနမ်းသည် အနမ်းတွေက
ငြင်သာသည် ချိုမြိန်သည် ပျော်ဝင်ပြီးရင်းပျော်ဝင်နေချင်စရာ

"ဖက်ထားပေးပါဦး"

အနမ်းခြွေပြီးသည်နဲ့ကလေးတစ်ယောက်လိုတောင်းဆိုလာသောသူ ငြင်းချင်စရာမရှိပါ ချက်ချင်းပင်သူ့ကိုယ်လေးကိုလက်၂ဖက်နဲ့ဖက်ကာရင်ခွင်ထဲသိမ်းကြုံးထည့်လိုက်တော့ ဆူးလ်ဂီကသဘောကျနေသည်

"ဟျွန်းကအကောင်းဆုံးပဲ"

ထိုသို့ပြောတာကြားရတော့သူမပျော်သည် နှလုံးခုန်သံကလဲစီးချက်ပိုညီလာသည် ဆူးလ်ဂီခေါင်းပေါ်သူမခေါင်းကိုစောင်းပြီးမှီထားမိသည် ဒီတိုင်းလေးပဲ ဒီတိုင်းလေးပဲရှိနေချင်တော့သည် လက်ရှိမှာရော နောက်ရောဘာတွေဖြစ်လာမလဲ သူမ မတွေးချင် မသိချင်ပါ အခုလက်ရှိဆူးလ်ဂီကသူမရင်ခွင်ထဲရှိနေသည် သူမကသူ့ကိုတင်းကြပ်စွာပွေ့ဖက်ထားသည်

"ညကဝမ်ဒီနဲ့ရန်ဖြစ်ထားတယ်"

မကြားချင်ဆုံးသောအမည် မတွေးချင်ဆုံးသောလူသားအကြောင်း

"ဘယ်လိုဖြစ်ပြီးတော့လဲ"

သူမမေးလိုက်တော့ ဆူးလ်ဂီကရင်ခွင်ထဲ
ပိုတိုးလာသည် သူမလဲပိုတိုးလို့ဖက်ထားမိသည် အခန်းတွင်းနွေးနေစေရန်ပြုလုပ်ထားသော မီးမှာပိုတောက်နေသည် နာရီသံတစ်ချက်ချက်ကိုပိုကြားလာရသည်

"ဟျွန်းကိုမကောင်း​တဲ့သူလို့ပြောလို့"

တစ်နေကုန်ရွာလိုက် တိတ်လိုက်ဖြစ်နေတဲ့မိုးက အခုတော့တိတ်သွားပြန်သည် လေတွေအရှိန်နဲ့တိုက်နေသည်ကို ပြတင်းပေါက်မှန်ကနေမြင်ရသည်

"ဆူးလ်ဂီ"

သူမခေါ်လိုက်တော့ဆူးလ်ဂီကမော့ကြည့်သည် မျက်ဝန်းများကကြည်လဲ့လို့နေသည်

"ငါ့အတွက်နဲ့ရန်မဖြစ်ပါနဲ့"
"ဘာလို့လဲ"

သူမပြောပြီးသည်နဲ့ပက်ခနဲမေးခွန်းပြန်ထုတ်လာသောဆူးလ်ဂီ

"သူပြောသလိုငါကတကယ်လဲမကောင်းတဲ့သူတစ်ယောက်ပဲလေဆူးလ်ရဲ့ အဲ့လိုပြောရကောင်းလားဆိုပြီးရန်ဖြစ်လိုက်တော့ရော မှန်နေတာကပြောင်းမှမသွားပဲ အမှန်တရားကပြင်လို့မရသလိုငြင်းဆန်နေစရာလဲမလိုအပ်ဘူးလေကွယ်"

ဆူးလ်ဂီကချက်ချင်းပင်သူမရင်ခွင်ထဲကထွက်သွားသည် ဆိုဖာလက်တန်းမှာတင်ထားတဲ့သူ့အနွေးထည်ကို ပြန်ဝတ်ကာပြန်တော့ဖို့လုပ်သည် လာဖို့လဲမခေါ်ထားတဲ့သူမို့ ပြန်တော့လဲမဆဲွထားရက်ပါ နောက်တော့ဝုန်းခနဲထသည် စိတ်ဆိုးသွားကြောင်းကိုပြသနေတာသိသော်လဲ ဘာမှမပြောချင်တော့ပါ

"အကောင်းဆုံးပါလို့ပြောထားရဲ့သားနဲ့ ဘယ်ချိန်ထိသူရဲ​ဘောကြောင်နေဦးမှာလဲ ရပ်လိုက်သင့်ပြီမဟုတ်ဘူးလား"

ထိုတစ်ခွန်းပြောပြီးတာနဲ့ ဆူးလ်ဂီကဆောင့်အောင့်စွာထွက်သွားသည် တံခါးကိုအုန်းခနဲမြည်သည်ထိပိတ်ခဲ့သည် သူမဖတ်နေခဲ့တဲ့စာအုပ်ကလဲစားပဲွခုံပေါ်မှာဒီတိုင်းပင် ဆူးလ်ဂီကြည့်နေခဲ့တဲ့TVကဇာတ်လမ်းလဲသူ့အရှိန်နဲ့သူဆက်လက်ပြသနေတုန်း သူမကလဲဆိုဖာခုံမှာဒီတိုင်းပင်မလှုပ်မယှက်ထိုင်နေတုန်း ထို့နောက်တော့စားပဲွခုံပေါ်ကစာအုပ်ကို လှမ်းယူကာ မပြီးသေးသောစာကိုဆက်ဖတ်နေလိုက်သည် ဒီလိုပဲနေရမည်လေ သူရဲဘောကြောင်တဲ့လူဖြစ်နေဦးတော့ ဒီလိုပဲသူမတည်ရှိနေမည်

FOOLWhere stories live. Discover now