Part-7

4.9K 489 1
                                    

[Unicode]

" ငါ့ အိမ်ထဲ ခေါ်ခဲ့  ! "

ဟောက်ရွှမ်း ကျန်းချန်ကို ဆဲနေတုန်း အနားက
ကြားရတဲ့ အသံသြသြတစ်ခုကြောင့် နှစ်ယောက်
လုံး မော့ကြည့်လိုက်ကြသည် ။ ဝမ်ချောင်ကတော့ ရိပေါ် ခန္ဓာကိုယ်ကို ထိန်းကိုင်ရင်း
ကူရာမဲ့စွာ ငိုမဲ့မဲ့လေးဖြစ်နေသည် ။

ရန်ဖြစ်တယ် ပြဿနာတတ်ဖူးတယ် ဆိုပေမဲ့
သူတို့ ယခုလို ခံရတယ် မရှိဖူးတာကြောင့်
သုံးယောက်လုံးရိပေါ်ကို ဘယ်လိုလုပ်ပေးရ
မှန်းမသိ ဖြစ်နေကြသည် ။

" မြန်မြန် ! "

ကျန့် ထံမှ စိတ်မရှည်စွာ ထွက်လာသည့် အသံ
ကြားမှ သူတို့လည်း အတွေးထဲက ရုန်းထွက်ကာ
ယောင်နနဖြင့် ခေါင်းငြိမ့်လိုက်ကြသည် ။

သူတို့ထဲက လူကောင်အထွားဆုံးဖြစ်သည့်
ဝမ်ချောင်က ရိပေါ်ကို ကျောပိုးခေါ်လာတာ
ကြောင့် ဟောက်ရွှမ်းနဲ့ ကျန်းချန်က ယိုင်နဲ့နဲ့
ဖြစ်နေသည့် ဝမ်ချောင်ကို ထိန်းကိုင်ရင်း
ကျန့်နောက် လိုက်လာကြသည် ။

ကျန့်အိမ်က ရိပေါ်ရယ်အရင်တုန်းက သူတို့ကို
သရဲခြောက်တယ်ပြောဖူးတာကြောင့် ကျန်းချန်
တို့ အဲ့လောက် မစူးစမ်းမိကြ ။ တကယ်တမ်း ခြံ
ထဲဝင်လာတော့မှ အိမ်လေးက ခြံတံခါးနဲ့
အဝေးကြီးမှာ ရှိနေမှန်း သဘောပေါက်လိုက်
ကြသည် ။ အိမ်နဲ့ ခြံတံခါး ကြားမှာပင် အုံ့မှိုင်း
နေတဲ့ သစ်ပင်ကြီးတွေကြောင့် လမ်းပျောက်ခါ
နီးနီး ၊ ထို့ကြောင့် ရှေ့က ခြေလှမ်းကျဲ ကြီး
တွေနောက် အမီလိုက်ရသည် ။

လမ်းအပြင်ကနေကြည့်ရင် အနီရောင်
တိုက်ကလေးကို ထင်းရှူးပင်တွေကြားကနေ
ယောင် ဝါးဝါးလေးမြင်ရတာကြောင့်
တကယ့် သရဲရှိတဲ့ အိမ်လိုဖြစ်နေသော်
လည်း အိမ်ရှေ့ရောက်မှ တကယ့် နေချင်
စဖွယ်လေးမှန်း သူတို့ သဘောပေါက်ကြ
သည် ။

ဝမ်ရိပေါ် အစုတ်ပလုတ် လေးက
သူတို့ကို ဂျင်းထည့်ခဲ့မှန်း အရင်ကတည်းက
သိခဲ့သင့်တယ် . . . . ။

" အခန်းထဲ ဝင်လာခဲ့ "

ကျန်းချန်တို့ ရိပေါ်ကို ကုတင်ပေါ် တင်ပေး
လိုက်ကြသည် ။ မကြာပါဘူး သူတို့ မြို့ငယ်
လေးရဲ့ မာနအကြီးဆုံး ၊အတော်ဆုံး ဆရာဝန်
ကြီးက ဒုန်း ဆိုပြီး ရောက်ချလာသည် ။

CHOICE ME (Completed)Where stories live. Discover now