Part-30

4.3K 414 6
                                    

[Unicode]

" ဘယ်လဲ ? ! "

"  ပွဲရုံ ခနသွားမလို့ ! ပါးနဲ့မားက မင်္ဂလာ ပွဲတစ်လာခုကိုသွားလို့ မအားတော့ ငါပဲ အလုပ်သမားတွေကို ပိုက်ဆံရှင်းပေးရမှာ "

" ဝမ်ပါပါးက စာမသင်တော့ဘူးလား ? "

" ဟုတ်တယ် ။ သူ နားလိုက်ပြီ ။ ဒါကြောင့် သစ်သီးတွေအများကြီးစိုက်ပြီး စီးပွားရေးလုပ်နေတော့တာ "

မနက်စာစားပြီး သူတို့နှစ်ဉီး သစ်သီးခြံသို့ လမ်းလျှောက်ရင်း  ထွက်လာကြသည်။ 
ခြံက အိမ်နဲ့ အရမ်းမဝေးတာမို့ လမ်းလျှောက်၍ အဆင်ပြေသည်။ သူတို့ အလုပ်သမားတွေကို ပိုက်ဆံရှင်းပေးပြီး အိမ်ကို ချက်ချင်းမပြန်ဘဲ
သူ သွားနေကျနေရာသို့ ကျန့်အား ခေါ်လာခဲ့သည်။

"  အိမ်တန်းမပြန်ဘူးလား ? "

" အင်း . . . မင်းကို ခေါ်သွားချင်တဲ့ နေရာရှိတယ် ။ "

ဟိုကြည့်သည်ကြည့်ဖြင့် လူခြေတိတ် နေသည့် ပတ်ဝန်းကျင် ကို မျက်မှောင်ကုတ် လျက် အကဲခတ်နေ၏ ။

"  ဒီနားက လုံခြုံပါတယ် . . . ,
ငါ သွားနေကျ မို့ စိတ်ချလို့ရတယ် "

ထိုအခါမှ လှည့်ကြည့်လာ၏ ။

"  ခရစ်ယာန် ဘုရားကျောင်း ? "

"  အင်း . . . ဒီနေရာလေးကို ငါ လာနေကျလေ "

လက်ပိုက်ပြီး စူပုတ်ပုတ်ဖြင့်လိုက်လာပုံမှာ အလိုမကျစွာ

" ရှင်ဘုရင်လေးက  ဘာတွေ အလိုမကျ ? "

" ငါက ဘယ်နတ်ဘုရားကိုမှ အယုံကြည်မရှိဘူး"

ဘုရားကျောင်းထဲဝင်ပြီး ဖယောင်းတိုင်ထွန်းနေတာကိုကြည့်ပြီး ခပ်တည်တည်ဖြင့် သူပါ ဝင်ကူ၏ ။

" ဘာလို့ ဒီကို ခနခနလာတာလဲ ဝမ် ?
မင်းက ဘာသာမဲ့မဟုတ်ဘူးလား ? "

နောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်က မီးကို မှုတ်ကာ စူပုတ်နေသည့် အနှီလူသားကို ပြုံးရင်း လှည့်ကြည့်လိုက်သည်။

"  ဘာသာမဲ့တော့ ဘာသာမဲ့ ဟုတ်တယ် ။
ဒါပေမဲ့ ငါ ရှိသမျှကိုးကွယ်မှုတွေ အားလုံးကို လေးစားတယ် ။ ပြီးတော့ မင်းအတွက် အကူညီရလို့ရညား လွန်ခဲ့တဲ့ (၈) နှစ်ကတည်းက ငါ ဒီကို ခနခနလာဖြစ်တယ် . . . ။ ဒီဘုရားကျောင်းတင်မကဘူး ၊ တောင်ပေါ်က ဘုံကျောင်းကို သွားပြီးလည်း မင်းအတွက် ခနခနဆုတောင်းဖြစ်တယ် . . . ။ "

CHOICE ME (Completed)Where stories live. Discover now