အပိုင်း-၁

1.1K 73 0
                                    

ဒီနေ့ရာသီဥတုအခြေအနေကို ရေဒီယိုကကြေငြာနေတာမို့ နားထောင်ရင်း ကျွန်တော်သက်ပြင်းချမိသည်။

ဒီနေ့နဲ့ဆိုမိုး ရက်ဆက်ရွာနေတာ ၃ရက်မြောက်နေ့ ဟင်းးး ကျွန်တော် အငြင်းခံရတာလည်း ၃ရက်မြောက်တဲ့နေ့ပေါ့

ဟူးးးးးး ငါဘယ်လိုစိတ်နဲ့များသူ့ကိုဖွင့်ပြောမိရတာလဲ သူငါ့ကိုသဘောမကျတာသိသိရက်နဲ့ကိုလေ......

လွန်ခဲ့တဲ့သုံးရက်ခန့်.....

ကျွန်တော် အထက်တန်းလောက်ထဲကသဘောကျလာခဲ့ရတဲ့ကောင်လေးကိုဒီနေ့ ဖွင့်ပြောဖို့ဆိုပြီးသူရှိတတ်တဲ့နေရာလေးတွေမှာလိုက်ရှာနေမိတယ်...

ဟုတ်ပါတယ်ကျွန်တော်ပတ်ဂျီမင်ကယောက်ျားလေးတစ်ယောက်ကိုစိတ်ဝင်စားနေတာပါ အဟင်း အဲ့လိုပြောလို့တွေ့သမျှလူကို စိတ်ဝင်စားတာမျိုးမဟုတ်ဘဲ သူတစ်ယောက်ထဲကိုသာ Genderမခွဲခြားဘဲ ချစ်မိသွားတာမလို့ သူကကျွန်တော့်ကိုအမြင်မကြည်တာတောင်မှ‌လေ...

ကျွန်တော်ကိုသူမကြည်သလိုကြည့်ပြီး မျက်စောင်းထိုးရင်တောင် ကျွန်တော့်ရင်ဘက်ထဲကအကောင်က ကခုန်လာရော အခုလည်း ရင်ဘက်ထဲကအလိုက်ကန်းဆိုးမသိတဲ့အကောင်က သူ့သခင်ကိုတွေ့တာနဲ့ ခုန်လာပြန်ရော...

24Hour Market အရှေ့ကခုံတန်းလေးမှာထိုင်ပြီးခေါက်ဆွဲငုံ့စားနေတဲ့ကျွန်တော့်အချစ်လေး ကူး။ ကူးမှာကအရမ်းချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ သာမန်သူတွေထက်နည်းနည်းလေးပိုကြီးနေတဲ့နှာခေါင်းပွပွလေးရယ် အခုလဲခေါက်ဆွဲပြုတ်စားပြီး စပ်နေတဲ့သူရဲ့ နှုတ်ခမ်းပါးပါးလေးကရဲနေတာ ကူးကအရမ်းဖြူစင်လွန်းတဲ့ကောင်လေး ကျွန်တော်ကသူ့ကိုအရောင်တွေဆိုးမိနေတာ....

သူကို့ ကျွန်တော်ရပ်ကြည့်နေတာကိုသတိထားမိသွားလို့ဖြစ်မယ် ကျွန်တော့်ဘက်ကိုလှည့်ပြီးမျက်လုံးကြီးပြူးပြနေပြန်ပြီ။ သူ့လုပ်သမျှကိုကျွန်တော်အသဲယားနေတော့ဘယ်လိုလုပ်ရပါ့...

ကျွန်တော်လည်းမနေနိုင်တဲ့အဆုံးသူ့ဘေးနားဝင်ထိုင်လိုက်ပြီး

"ငါကဘာလုပ်လို့မင်းကငါ့ကိုမျက်စောင်းတွေကြီးထိုးနေတာလဲ ဂျွန်ဂျောင်ကု"

ʜ .ʏ . ᴜ . ɴ . ɢ...♡︎Where stories live. Discover now