Part - 53 ( ချစ်သူဖြစ်တဲ့ပထမဆုံးရက်)

407 25 0
                                    


မနက် ၆ နာရီထိုးသော် နှင်းနိုးသည်နှင့် နှင်းရင်ခွင်ထဲမှာ ကွေးအောင်အိပ်နေသော ခွေးပေါက်လေးကိုကြည့်ရင်း ပြုံးမိသည်။ သွန်းကအရင်ကရုပ်အတိုင်းမပြောင်းလဲပေ။ ပြောင်းလဲသည်ဆိုလို့ အရင်က ပန်းနုရောင်သန်းနေတဲ့ နှုတ်ခမ်းတစ်စုံဟာ ဆေးလိပ်တွေသောက်တာကြောင့် ပန်းရောင်အရင့်ဘက်ကိုနဲနဲပြောင်းလာတာပဲရှိသည်။ ဆေးလိပ်တွေမသောက်ဖြစ်အောင်းသွန်းကိုပြောရဦးမည်။ ထချိန်တန်ပြီမလို့ ရင်ခွင်ထဲကခွေးပေါက်လေးကို ပါးလေးဆွဲကာ

နှင်း - ခွေးပေါက်လေးထတော့လေ။ ဟိတ်ခွေးပေါက်လေးထတော့ဆို

သွန်း - ဟင်း အစောကြီးရှိသေးတာကို

နှင်း - ထတော့ခွေးပေါက်လေးရဲ့ ချယ်လဲကျောင်းသွားဖို့ပြင်ဆင်ရဦးမယ်။ သမီးလဲအလုပ်သွားရမယ်လေ

သွန်း ဟာ နှင်းရင်ခွင်ထဲသို့ပိုမိုတိုးဝင်လာပြီးလက်လေးငါးချောင်းထောင်ကာ

သွန်း - ၅မိနစ်နော်။ ချယ့်ရင်ခွင်လေးကိုအရမ်းလွမ်းလို့

နှင်း - ဟုတ်ပါပြီရှင့်

သွန်းခေါင်းလေးကိုပုတ်ပေးရင်း ၅မိနစ်ပြည့်ပြီမလို့

နှင်း - ကဲပေါက်စလေးရေ ၅ မိနစ်ပြည့်ပြီထတော့

သွန်းဟာရင်ခွင်ထဲကထွက်ကာတစ်ခြားဘက်လှည့်သွားပြီး

သွန်း - ချယ်ရေချိုးလိုက်ဦး ရေချိုးပြီးမှထမယ်။

နှင်း - ဟွန်း အဲ့လိုအကျင့်ပုတ်လို့ရဘူးလေ။ထတော့

သွန်း - ထဘူး

သွန်းကိုပတ်လက်ဆွဲလှန်ကာ သွန်းမျက်နှာ အနှံ့ကိုနမ်းလိုက်တယ်။

နှင်း - ထတော့ဆို အလုပ်နောက်ကျမယ်

သွန်း - ထချင်ဘူး

နှင်းသွန်းနားလေးကိုကပ်ရင်း

နှင်း - ရေတူတူချိုးမလား😏

ထိုအခါသွန်းဟာချက်ချင်းငေါက်ကနဲထရင်း

သွန်း - သွားမယ်လေ

နှင်း - ဒါကျတော့ထတယ်ပေါ့

သွန်း - လာတူတူချိုးကြမယ်😎

In The End Of Love 💓💓(Zawgyi version)(Completed)Where stories live. Discover now