Part - 76( သူ့တောင်းဆိုမှု)

396 18 0
                                    


မနက်စောစောသွန်းတို့အိမ်ထဲဝင်လာသော သူရ။ သူလာတာတော့အံသြစရာမဟုတ်ပေမယ့် သူနဲ့ပါလာတဲ့ကလေးသေးသေးလေး သွန်းလဲ ဆိုဖာမှာထိုင်ကာ အားလပ်ရက်မလို့ဖုန်းသုံးနေရာမှ သူရအား

သွန်း - အမယ်သူရ အဲ့တာနင့်ကလေးလား

သူရ - ဟယ်ပေါက်ပေါက်ရှာရှာပြောတော့မယ် ငါကလူပျိုနုနုလေးကို နင်မို့ပြောရက်လိုက်တာ

သွန်း - ပြောပါဦး ဘာကိစ္စ

သူရ - ဒီလိုဟ ဒါငါ့အမရဲ့ကလေးလေ။ ဟိုတလကငါ့အမက ကလေးကို ငါနဲ့အပ်ပြီး စင်ကာပူကို၃ ပတ်လောက်ထွက်သွားလေရဲ့ အလုပ်သွားရင်းအမြဲခေါ်သွားလို့ရပေမယ့် အခုက ငါကခရီးသွားရမှာ ၂ရက်လောက်သွားရမှာလေ။ ဒါကြောင့်ကလေးကို၂ရက်လောက်နင့်ဆီအပ်ထားမလို့ရလားဟင်

သွန်း - ငါ့ကို အဲ့မျက်နှာကြီးလုပ်ပြမနေပါနဲ့ဟယ် ခေါ်ထားပါ့မယ့် ငါလဲ အခုပိတ်ရက်ပိုင်းပျင်းနေတာ ကလေးရှိတော့အဖော်ရတာပေါ့

သွန်းတို့စကားပြောနေတုန်း ရောက်လာသောချယ့်ကြောင့်

နှင်း - ဟယ်သားသူရပါလား

သူရ - ဟုတ်ဆရာမ ကလေးကို၂ရက်လောက်လာအပ်တာ သားကခရီးထွက်ရမှာမလို့

နှင်း - aww ရပါတယ်။ ပိတ်ရက်ပျင်းတာနဲ့အတော်ပဲ

သွန်းလက်ထဲကမ်းပေးလာသော ကလေးလေးကိုသွန်းချီလိုက်ရင်း

သွန်း - ကလေးက ဘယ်နနှစ်လဲ

သူရ - တစ်နှစ် ဒါက ကလေးအတွက်စရိတ်

သွန်း - ရပါတယ်ကွာ နင်ပြန်ယူသွား ငါကလေးကိုသေချာကြည့်ပေးထားပါ့မယ်

သူရ - မဟုတ်တာယူပါ

သွန်း - သူရ သူငယ်ချင်းအချင်းချင်းကို ငါစိတ်မဆိုးချင်ဘူး ပြန်ယူ

သူရ - ကျေးဇူးပါဟာ ငါသွားရတော့မယ် သွားပြီနော်။ လေယဉ်နောက်ကျတော့မယ်

သွန်း - အေးအေး ဒါနဲ့ငါ့အမေက ခရီးသွားမလို့ အဲ့တာသူငယ်ချင်းတွေကို အကုန်ခေါ်မလို့ နင်လိုက်မယ်မလား

သူရ - ဘယ်တော့လဲ

သွန်း - နောက်လ၅ရက်နေ့လောက်ပေါ့။ ၁ပတ်လောက်တော့ကြာမယ်ထင်တယ်။ ဘယ်ကိုလဲတော့မရွေးရသေးဘူး။ သွားဖြစ်မှာတော့သေချာတယ်။

In The End Of Love 💓💓(Zawgyi version)(Completed)Where stories live. Discover now