_4

11.1K 1.3K 149
                                    

Zawgyi

အိမ်ထဲဝင်လာသည့် ချိုချိုအီအီ သရဖီအနံ့။
အမေက မျက်မှောင်ကြုံ့ပြီး အနားကိုရောက်လာသည်။

"ဘယ် omegaနဲ့ ဘာဇယားတွေရှုပ်ခဲ့တာလဲ"

Jacket မှာကပ်ကျန်နေသည့် အနံ့ကို စမ်းနမ်းကြည့်တော့
ိဟို omega။

" ကားပျက်နေလို့ omegaနောက်က လိုက်လာတာ"

" omega?  မဟုတ်မှ ဟို Kim အိမ်ကလား? "

" အော ဟုတ်တယ် "

အမေရဲ့ မျက်နှာသည် ချက်ချင်းဆိုသလို မတင်မကျ မှုတွေ
အုပ်မိုးသွားသည်။

သားငယ်က ဘာအတွက်ကြောင့် မျိုးရိုးနှစ်ခုဖြစ်နေတဲ့
omegaနဲ့မှ အနေနီးချင်နေတာလဲ။ မဟုတ်မှ Jungkook
ကို သက်သက်မဲ့ ချဉ်းကပ်တာလား။

"Callaရော.. သူမ မင်းဆီသွားတာ"

" လမ်းမှာ မတွေ့ခဲ့ဘူး Phဆက်ပြီး ပြန်လာခိုင်းလိုက်လေ
ကျနော် အပေါ်တက်တော့မယ် "

လေတချွန်ချွန်ဖြင့် လှေကားပေါ်တက်သွားသော Jungkook ကို ကြည့်ပြီး သက်ပြင်းများစွာချမိသည်။

သားသမီးကို စိုးရိမ်သော ပူပင်သောကတွေက နှလုံးသားထဲ
မှာ အပြည့်လျှံလာသည်။

မျိုးရိုးနှစ်ခု... စောင့်ရှောက်ထိန်းသိမ်းမယ့် မိခင်မရှိသည့်
omega...။

နောင်တစ်ချိန်မှာ ဒီazaleaနယ်ပယ်ကို အုပ်ချုပ်ရမယ့် သူက
Kimအိမ်က omegaနဲ့ နီးစပ်လို့ ဘယ်လိုဖြစ်မလဲ။

ရှေ့ဆက်ရမယ့် အနာဂတ်တွေ ကို မှန်းဆကြည့်ရင်း
ရင်မောစရာ အဖြစ်အပျက်တွေကို ကြိုမဖြစ်အောင် တားရ
တော့မည်။

###

ချိုအီနေသည့် သရဖီပန်းအနံ့က အခန်းတစ်ခုလုံး စိမ့်ဝင်ကျ
နေသည်။

ဝါဂွမ်းလို အိစက်နေသည့် မွေ့ရာပေါ်မှာ ခွေခွေလေး လှဲနေ
ပြီး မျက်ရည်တွေဝဲနေသည့် omegaလေး။

ခဲရောင်ဖျော့ဖျော့ အမွေးတွေနဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံထား
သည်။

Heatဝင်နေသည့် omegaက အရမ်းစိတ်ခံစားလွယ်တာ။

Taehyung က အရှားပါးဆုံး recessive omega...
Kim အိမ်ရဲ့ အဖိုးတန်လေး။

Crazy Over The Omega(completed)Where stories live. Discover now