Zawgyi
" အခုတံခါးဖွင့်လိုက်... "
" မဖြစ်လို့ပါ Jeon... "
Calla က တံခါးအရှေ့ကနေ ပိတ်ရပ်နေသည်....။
" ငါ အမေနဲ့ စကားပြောမှ ရမယ်... အခုတံခါးဖွင့်... "
သူမက လက်သီးကို တင်းနေအောင်ဆုပ်ထားပြီး အံကိုကြိတ်
ထားသည်....။တွန်းထုတ်ပြီး တံခါးကိုဆွဲဖွင့်တော့ အဖေနဲ့ စာတမ်းတွေကို
သေချာလုပ်နေသည့် အမေ...။စားပွဲပေါ်ကမြင်လိုက်ရသည့် စည်းမျဉ်းတစ်ခု...
‘မျိုးရိုးနှစ်ခုဖြစ်တဲ့omegaကို လက်ထပ်ရင် ကလေးယူ
ဆောင်ခွင့်မရှိဘူး... ’
အဓိပ္ပာယ်မရှိတာ....ေ-ာက်ရူးစည်းမျဉ်း...။ဆွဲယူကာ အကုန်လုံးကို အစိတ်စိတ်အမွှာမွှာစုတ်ဖြဲပစ်
လိုက်သည်....။" Jeon... မင်းကို ဘယ်သူက အထဲဝင်ခိုင်းလို့လဲ... "
" အမေတရားလွန်နေပြီ... "
အံကြိတ်ကာပြောတော့ အဖေက
" ငါတို့ လိုက်နာရမယ့် စည်းမျဉ်းအသစ်ဆွဲရုံပါ
မင်း mate က Suton ဘက်က သွေးပါနေတယ်...""အဲ့တာက အရေးကြီးလား... "
" mate တော်ရမှာပါ ကလေးမယူရုံပဲ... ငါတို့
သူနဲ့ ရမယ့် မျိုးဆက်ကိုလည်း မလိုချင်ဘူး... "" အဖေတို့ ဆုံးဖြတ်စရာမလိုဘူး... ကျနော့် mate
ကျနော့်ဟာ ကျနော့် နယ်မြေ....! "" Jeon... "
သွေးကြောတွေထောင်လာသည်အထိ Jeon ဟာ
စူးစူးဝါးဝါး ဒေါသတွေထွက်နေပြီ....။" နောက်တစ်ခါ ထပ်ပြီး ဒီလိုလုပ်နေရင် နယ်မြေကနေ
ထွက်သွားအောင် လုပ်ဖို့ ဝန်မလေးဘူး... "ပါးပေါ်ကို လက်ဝါးပြင်းပြင်းတစ်ချက်ရောက်လာသည်....။
အမေဟာ မျက်ရည်တွေဝဲတက်နေသည်...။
တုန်ယင်နေသည့် နှုတ်ခမ်းကနေထွက်လာသည့်
ကြေမွ အက်ကွဲနေသည့် အသံ...။" ဘယ်လိုတောင် ပြောရက်တာလဲ Jeon... အုပ်ချုပ်သူ
ဖြစ်သွားတာနဲ့ မင်းက ငါတို့ကိုပါ စာရင်းထဲမထည့်တော့
တာလား... "" အဲ့လိုမဟုတ်... "
အဖေက အမေ့ကိုဆွဲခေါ်ကာ အပြင်ထွက်သွားသည်။
YOU ARE READING
Crazy Over The Omega(completed)
FanfictionThere are three werewolf cantons called Azalea, Calix and Suton.. Jeon Jungkook, the dominant alpha who is the leader of Azalea . One day he met the recessive and rude omega Kim Taehyung and they fell in love. In azalea,the leader must choose the...