Episode 20 (Unicode)

2.2K 140 24
                                    

[မှူးသာခန့်]

4ရက်ခန့်ကြာသော်...

Nyi Htet- ဟိုနေ့ကကိစ္စကို..မဖြစ်ခဲ့ဘူးလို့ပဲ မှတ်ပြီး တော့ ကျွန်တော့်ဆီပြန်လာပေးပါဗျာ..ကျွန်တော် တောင်းပန်ပါတယ်..ကျွန်တော့်ဆီမှာ ကိုမှူးတစ်ယောက် ပဲ ရှိတော့လို့ပါ..

******

Message boxထဲမှ မနေ့ည ၁၀နာရီကျော်က တည်းက ဝင်နေသော ထိုမတ်ဆေ့ချ်ကို ကျွန်တော် အိပ် ရာနိုးတော့ ခပ်တွေတွေကြည့်ပြီးနောက် ဖုန်းပိတ်ချပစ် လိုက်သည်..။

တစ်ဖက်သတ်အချစ်..၊ ပေးဆပ်အချစ်..အဲဒီလို အချစ် တွေက ဝဋ်ကြွေးလို့ ဆိုရမလား..။ နာကျင်စွာချစ်ရတဲ့ အချစ်တစ်ခုမှာ ချစ်ပေးရတဲ့သူက ဝဋ်ကြွေးပေးဆပ်နေ ရတာလား..။ ပေးဆပ်တယ်ဆိုရင်ရော..၊ ဒီဝဋ်ကြွေး ဘယ်အခါမှ ကင်းလွတ်မှာလဲ..။

ကျွန်တော် လိုအပ်မည့်ပစ္စည်းအချို့ကို ဆွဲအိတ်ထဲ ထည့် ကာ အောက်ထပ်သို့ ဆင်းလာလိုက်သည်..။ ဒီနေ့တစ် အိမ်လုံး ဘယ်သူမှ မရှိ..။ ဘယ်ကိုသွားပါဦးမည်ဆိုပြီး တော့လည်း မပြောသွားချေ..။

ဟိုနေ့ကတည်းက ကျွန်တော် မင်းထင်ကို စကားမပြော ချေ..။ သူ့ဘက်ကလည်း စမပြောသလို..၊ ကျွန်တော့် ဘက်ကလည်း စမပြောဖြစ်ခဲ့..။

ကျွန်တော် ကွန်ဒိုဆီသို့ ထွက်လာခဲ့ပြီး ကွန်ဒိုရောက် တော့ လူခေါ်ဘဲလ် တီးလိုက်သည်..။ သို့သော် တံခါး လာမဖွင့်ချေ..။ ထို့ကြောင့် ကျွန်တော့်ထဲက သော့နှင့် သာ ဖွင့်ဝင်လာလိုက်သည်..။

အထဲရောက်တော့ ဆက်တီပေါ်မှာ ပြန့်ကျံနေသော ဘီယာဘူးများနှင့် အမြည်းလုပ်ထားဟန်ရှိသည့် မုန့်ခွံ များနှင့်အတူ ဆိုဖာပေါ်မှာ ပိုးလိုးပက်လက် အိပ်နေသော ညီထက်ကို တွေ့လိုက်ရသည်..။

ကျွန်တော်လည်း ညီထက်ဆီသို့ လျှောက်သွားလိုက်ပြီး နှိုးမည်လုပ်တော့ မရိတ်ဖြစ်သေးသည့် မုတ်ဆိတ်မွေး..၊ နှုတ်ခမ်းမွေးတို့က ငုတ်စိငုတ်စိနှင့် ကျိုးတိုးကြဲတဲ ပေါက်နေသည်..။

လိုသုံး (Season-1) [Completed]Where stories live. Discover now