[Part-1]

20.5K 1.3K 64
                                    

Los Angeles, 2012
Los Angeles International Airport

“TaeHyung.. မာမီ မင်းကို စိတ်ချမယ်နော်”

ဝှီးချဲပေါ်ကနေထိုင်နေရင်း ကျွန်တော့်ကို စိတ်ပူတကြီးနဲ့ စိုးရိမ်နေသည့် မာမီ့ရဲ့စကားကို ခေါင်းလေးတဆတ်ဆတ်ညိတ်မိသော်လည်း TaeHyung အနည်းငယ်တော့ ငြီးငွေ့လာ၏။

အသက် 17နှစ်နဲ့ နယ်မြေရပ်ခြားကို သွားပြီး တစ်ယောက်ထဲနေတယ် ဆိုလည်း ထားပါတော့။ အခုဟာက Worldwide Director အစ်ကိုတစ်ယောက်လုံးရှိနေသည့် Seoulကို သွားမှာကိုပင် မာမီက စိတ်မချဖြစ်နေတော့သည်။

နောက်ပြီး တစ်ယောက်ထဲ သွားမှာလည်း မဟုတ်။ ဘေးမှာ Min Jay တစ်ယောက်လုံးလည်း ပါနေသေးသည်ကိုပဲ။

ဝှီးချဲရှေ့၌ TaeHyung ဒူးထောက်ချလိုက်မိသည်။

မာမီ့‌ရင်ခွင်ထဲကို ဝင်လိုက်ကာ..
“မာမီ.. ကျုပ်က ကလေးမဟုတ်တော့ဘူးလေ၊ စိတ်ချပါဆိုနေ၊ SeokJin Hyung ကလည်း ဟိုမှာ ရှိနေတာကိုပဲ..”

“မင်းက ကလေးမဟုတ်လို့ကို စိတ်ပူရတာ၊ မင်းက လူဆိုးကလေးဖြစ်နေလို့”

မာမီက နှာခေါင်းကို ခပ်ဖွဖွလိမ်ဆွဲရင်း ရယ်မောကာပြောတော့ ကျွန်တော့်ကိုဆို သိပ်သည်းသည်းလှုပ်သည့် ဘေးက အဘွားက မာမီ့ကို ဆူတော့၏။

“ငါ့မြေးက လူလိမ္မာကလေးပါ Kim Youngရဲ့၊ မြေးလေး.. မုန့်ဖိုးလိုရင် SeokJin ကို ပြော‌မနေဘဲ အဘွားဆီကိုပဲ ဖုန်းတန်းဆက်လိုက်နော်၊ ကိစ္စ ကြီးကြီးငယ်ငယ်ဖြစ်လည်း အဘွားကိုသာ ဆက်လိုက်၊ အဘွားရှင်းမယ် ဟုတ်ပြီလား”

ကျွန်တော့်ခေါင်းကိုပုတ်ပြီး ကျွန်တော့်ဘက်က ရပ်တည်နေသည့်အဘွားက ငယ်ငယ်ကတည်းက ကျွန်တော်လိုချင်တာ၊ ဖြစ်ချင်မှန်သမျှကိုလည်း မငြီးမငြူချက်ချင်း‌ဖြည့်စည်းပေးတတ်တဲ့ လိုတရ နတ်သမီးလေးလိုပင်။

Kim TaeHyung ဆိုတာ KH Group ရဲ့ CEO Mrs. Kim ရဲ့ အသည်းနှလုံးတစ်ခုဆိုလည်း မမှားခဲ့။

အဘွားက သူ့ကို ဘယ်လော‌က်တောင်မှ ချစ်သလဲဆိုလျှင် SeokJin Hyung ခဏခဏပြောဖူးသလိုမျိုး “မင်းက လူသတ်ရင် မင်းအဘွားက အလောင်းကိုတောင် မီးသဂြိုလ်ပေးဦးမှာ” ‌ဆိုသည့် ဥပမာအတိုင်းပင် ဖြစ်သည်။

Cruel Summer (Complete)Where stories live. Discover now