[Part-12.1]

10.3K 1K 210
                                    

မနေ့ကတစ်နေ့လုံး TaeHee ကျန်းမာရေးကအသည်းအသန်နေမကောင်းဖြစ်လို့ ဆေးရုံရောက်နေခဲ့သည်။

ဖုန်းအားကလည်းကုန်ပြီး TaeHeeအနားကနေထွက်လာချင်ခဲ့ပေမယ့် တစ်ချိန်လုံးဘေးနားမှာရှိနေတဲ့မာမီက TaeHeeအနားမှာပဲ နေခိုင်းနေတာမို့ TaeHyung ကိုတောင်မဆက်သွယ်နိုင်ခဲ့တာ။

စိတ်ကောက်နေလောက်တော့မှာ။

သူ့ဆီက စာတွေအများကြီးဝင်ထားပြီး TaeHyung ဆီက စစချင်း ဒိတ်ဖို့အတွက်စာရတုန်းက ဝယ်ထားတဲ့ပန်းစည်းက ညှိုးနွမ်းနေပြီမို့ ပန်းစည်းတစ်စည်းထပ်၍ ဝယ်လာခဲ့ရသည်။

ဒီနေ့တော့ JungKook တစ်နေ့လုံး TaeHyung ကိုတောင်းပန်ပြီးချော့ရတော့မှာ။

Password ကိုမရိုက်နှိပ်ခင် နှင်းဆီပန်းစည်းကိုကြည့်ရင်းနဲ့ ပြုံးလိုက်မိ၏။

သူသဘောကျမှာပါ။

တီ.. တီ..။

တံခါးဖွင့်ဖွင့်ချင်း နှာခေါင်းထဲတိုးဝင်လာတဲ့အရက်နံ့တွေ။

TaeHyung ရဲ့ ဖိနပ်စင်မှာ မိန်းမတစ်ယောက်ရဲ့ ဒေါက်မြင့်ဖိနပ်တစ်ရံ။

ရင်ဘတ်ထဲအထိဆောင့်တက်လာတဲ့စိုးရိမ်မှုနဲ့အတူ ပန်းစည်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိသည်။

ရှုပ်ပွနေတဲ့ ဧည့်ခန်းမှာ ဖန်ကွဲစတွေနဲ့.. TVတွေရော။ ပန်းအိုးတွေရော။ တစ်စစီ.. တစ်စစီ..။

ကြမ်းပြင်ပေါ်မှာ အနီရောင်ဝိုင်တစ်ချို့က ပျံ့ကျဲနေပြီး အလှ မီးကြိုးတွေက ကတ်ကြေးနဲ့ ညှပ်ထားသလို ပြတ်တောက်နေသည်။

TaeHyungအခန်းထဲကို တဖြေးဖြေးချင်း ခြေလှမ်းနေမိသည်။

လက်သီးကို တင်းတင်းဆုပ်မိပြီး တစ်ကိုယ်လုံး တဆက်ဆက်တုန်လာတာ..။

အံကြိတ်ထားမိပြီး အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။

အနီးနားက ခပ်ကြီးကြီးပန်းအိုး တစ်ခုကို ဆွဲယူလိုက်မိသည်။

တံခါးကို ဝုန်းခနဲ့ဆောင့်ကန်ပြီး ဖွင့်လိုက်မိတော့ ကုတင်ပေါ်ကအမျိုးသမီးကိုအုပ်မိုးပြီး နမ်းဖို့လုပ်နေတဲ့ TaeHyung..

Cruel Summer (Complete)Where stories live. Discover now