p-1💙💜

121 13 1
                                    

Unicode

လက်ထပ်တယ် အိမ်ထောင်ပြုတယ်ဆိုတာက တချို့လူတွေအတွက်တော့ စိတ်ချမ်းသာစရာပေါ့ ဒါပေမဲ့ ကျတော်နဲ့သူ့အတွက်က လက်ထပ်တယ် အိမ်ထောင်ပြုတယ်ဆိုတာ စိတ်ချမ်းသာစရာ ကိစ္စတော့မဟုတ်ခဲ့ဘူး။

Zanjinက ခေသူတော့မဟုတ် မိဘတွေကလဲ ငွေကြေးချမ်းသာတဲ့ ဆွေကြီးမျိုးကြီးမိသားစုတစ်ခုက ပေါက်ဖွားလာသူဆိုလဲမမှား။

Liuhaiဆိုသည်မှာလဲ သူ့အားသူကိုးကာ ရိုးရိုးသားသားနဲ့ ကြိုးစားလာပြီး အခုဆိုရင်
'' K shopping Mall '' ရဲ့ CEO ဆိုလဲမမှပေ။

Zanjinနဲ့Liuhai က လွန်ခဲ့တဲ့ တစ်ပတ်က မိဘတွေရဲ့ အရင်ကပေးခဲ့ဖူးတဲ့ ကတိတွေကြောင့် မိဘစကားကိုမလွန်ဆန်နိုင်ပဲ လက်ထပ်ခဲ့ကြရတယ် ပြီးတော့ Liuhai က Zanjin ကိုနည်းနည်းလေးမှကြည်သလို မုန်းလဲမုန်းတယ်

အကြောင်းအရင်းက Zanjin က သူ့အမေ ကျေးဇူးရှင်ရဲ့သားဖြစ်ပြီး ကျေးဇူးရှင်ဆိုတာကိုခုတုံးလုပ်ပြီး Zanjin အမေက Liuhai နဲ့အတင်းပေးစားခဲ့ခြင်းသာဖြစ်သည်။ ဒါပေမဲ့ Liuhai ရဲ့မိဘတွေက Zanjin ကိုတော့ အရမ်းချစ်ကြသည်။

အိမ်ပေါ်ထပ် ကနေ အောက်ထပ်က မီးဖိုးချောင်စီသို့ ဆင်းလာကာ

'' ကြီးမေ ကိုကိုရော ''

'' သားLiuhai က မနက်ကထဲက အလုပ်သွားပြီလေ သားလေးကိုပြောမသွားဘူးလား ''

'' ဟုတ်လား ကျတော်မနိုးသေးတော့ မသိလိုက်ဘူး ''

'' သားလေး မနက်စာလာစားလေ ''

'' ဟင့်အင်း ကျတော်မစားတော့ဘူး ''

Zanjin မျက်မှာကလေးမှာ ညှိုးငယ်ကာနေသည်။ ဘာလို့လဲမမေးနှင့် Liuhai ဆိုသည်မှာ လက်ထပ်ပြီးကထဲက Zanjin ကို အဖက်တောင်မလုပ် Zanjin ကတော့ ငယ်ငယ်ကထဲက Liuhai ကို တစ်ဖတ်သက်ကြိုက်ခဲ့ရသည်မို့ စိတ်ထဲမှာ ပိုပိုပြီးဝမ်းနည်းရသည်။

'' ကြီးမေ? ''

'' ဟမ်သားလေး ပြောလေ ဘာစားချင်လဲ ''

'' ကိုကိုဘယ်အချိန် အိမ်ပြန်လာမယ်လို့ပြောသွားလဲဟင် ''

'' အ​လိုတော့မပြောသွားဘူး သားလေးပျင်းလို့လား ကြီးမေစကားပြောပေးမယ်လေ ''

ကြမ္မာဖန်သော''အိမ်ထောင်ရေး''(Zhuliuhai fan fiction)Where stories live. Discover now