p-3💜💙

87 15 1
                                    

Unicode

အိပ်ခန်းထဲရောက်တော့ Liuhai က ကုတင်ပေါ်တွင် အိပ်နေလေပြီ။ လုဟိုင်အိပ်နေသည့် အနား တိုးတိတ်စွာကပ်သွားပြီး ဘာမှခင်းမထားသည့်ကြမ်းခင်းပေါ်ငုတ်တုတ်ကလေးထိုင်ချကာ အိပ်နေသည့် Liuhai ရဲ့ မျက်နှာကို တစ်စိမ့်စိမ့်ကြည့်နေပြီး လက်ချောက်းသွယ်သွယ်ကလေးများနှင့် နုညံ့လှသည့် လက်ဖဝါးဖြင့် Liuhai ရဲ့ ပါးပေါ် အုပ်မိုးကာကိုင်နေရင်း သူ့စိတ်ထဲမှာ အလိုလိုဝမ်းနည်းလာရပြန်သည်။

သူလိုချင်နေတာက Liuhai ရဲ့အချစ် အခုသူရနေတာက Liuhai ရဲ့အမုန်းဖြစ်နေသည်။ သူသိချင်တာက Liuhai ရဲ့နှလုံးသားကို ဘယ်သူကများ အပိုင်သိမ်းထားသလဲဆိုတာပါပဲ။

'' မင်းအဲ့လိုလုပ်နေတာ ငါ့ကိုအိပ်ရေးပြတ်စေချင်နေတာလား ''

Liuhai က မျက်လုံးတောင်တစ်ချက်မဖွင့်ပဲ Zanjin ကို ခပ်တင်းတင်းပြောလိုက်သည်။ Zanjin လဲ လန့်ကာ အသားလေးဇက်ကနဲ တုန်သွားသည်။

'' မဟုတ်ပါဘူး zanjin က ကိုကိုအိပ်နေတယ်ထင်လို့ပါ ''

'' ငါအိပ်ပျော်တော့မလို့ပဲ ဒါပေမဲ့ မင်းလုပ်လို့ ငါအိပ်လို့မရတော့ဘူး နောက်ဆို ငါ့အသားကိုလုံးဝလာမထိနဲ့ ငါမကြိုက်ဘူး ''

'' ဟုတ်...ဟုတ်ကဲ့ပါ
တောင်းပန်ပါတယ် ''

Zanjin ခဏခဏငိုတာလဲမပြောနဲ့လေ ဒီလောက်ထိ စိမ်းစိမ်းကားကား ဆက်ဆံနေမှတော့ အသဲနုတဲ့ထိုကောင်လေးက မငိုပဲနေမလား မွေးကထဲက အခုချိန်ထိ မိဘတွေစီက အဆူအငေါက်တစ်ခါမှမခံဘူးသည့်ကောင်လေးက သူနဲ့ယူပြီးမှ ခဏခဏအဆူအငေါက်ခံနေရသလို စိမ်းစိမ်းကားကားလဲ အပြောခံနေရပြန်သည်။

ကုတင်ပေါ်တတ်ကာ Liuhai ရဲ့ညာဘက်တွင် ကွေးကွေးလေးအိပ်နေသည်။ Liuhai ကတော့ Zanjin ဘက်ကို ကျောပေးကာ အိပ်နေသည်။ ကုတင်က ကျယ်သည်ကြောင့် တစ်ယောက်အသား တစ်ယောက်ထိရန် လုံးဝမဖြစ်နိုင်။

Zanjin ကတော့ သူ့ဘက်ကို ကျောပေးကာအိပ်နေသည့် Liuhai ရဲ့ဘက်ကိုလှည့်ကာ သူ့ဘက်ကိုဘယ်တော့များလှည့်လာမလဲ လှည့်လာမလဲဆိုပြီး စောင့်နေမိသည်။ ညလယ်လောက်ရောက်သည့်အချိန်ထိ Zanjin အိပ်မပျော်ပေ။

You've reached the end of published parts.

⏰ Last updated: Oct 24, 2021 ⏰

Add this story to your Library to get notified about new parts!

ကြမ္မာဖန်သော''အိမ်ထောင်ရေး''(Zhuliuhai fan fiction)Where stories live. Discover now