Called me Vilin

396 57 4
                                    

Called me Villin

အပိုင်း ( ၁၄ )

' သဇင့်ကို တို့ပြောစရာရှိတယ်'

'ပြောလေ ချို ရဲ့ ဘာကိစ္စလဲ'

သဇင်က ကွန်ပျူတာအကြည့်မပျက်ပင်ပြန်ဖြေသည်။

' ဖြစ်နိုင်ရင် နွေဦးနဲ့မတွေ့ပါနဲ့လား။ တို့ကြောင့် စိတ်ဒဏ်ရာရနေတဲ့ကလေးကို ထပ်ပြီး စိတ်ဒုက္ခမပေးချင်ဘူး'

' တမင်တကာတွေ့တာမှမဟုတ်ပဲချို လမ်းကြုံလို့တွေ့မိတဲ့သဘောပါ။ ပြီးတော့ သူ့အစ်မ အကြောင်း သိချင်မလားလို့ ပြောပြမိရုံပဲ အဲ့တာ စ်ိတ်ဒုက္ခပေးတာမှမဟုတ်တာ'

' သဇင်ရဲ့ရုံးက ဗဟန်းမှာလေ ဗဟန်းကနေ လသာကိုပြန်တဲ့လမ်းက မဥက္ကလာဘက်ကိုလမ်းကြုံတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား '

ဖတ်နေသည့်စာအုပ်ကိုလက်ကြားညှပ်ကာပိတ်လိုက်ပြီး သဇင့်ရဲ့အလုပ်စားပွဲသို့သွားလိုက်သည်။ အလုပ်စာပွဲက ပြူတင်းပေါက်ဘက်ကိုမျက်နှာလှည့်ထားသည်ဖြစ်၍  သဇင့်မျက်နှာကိုကောင်းကောင်းမြင်နိုင်သည့် ပြူတင်းပေါက်နားတွင်ရပ်လိုက်သည်။

' ချိုက ဘာကိုမကျေနပ်လို့လဲ '

' တို့ပြောပြီးပြီလေ နွေဦးနဲ့မတွေ့ပါနဲ့လို့ '

ကုလားထိုင်မှထကာ အနားသို့တိုးကပ်လာ၍  ချို့ပါးကိုခပ်ဖွဖွပွတ်သပ်ရင်း

' နားမထောင်ဘူးဆိုရင်ရော '

သူ့အား ကလန်ကဆန်လုပ်ရန်ပြင်နေသည့် ချို့ရဲ့နှုတ်ခမ်းတွေကိုနမ်းပစ်လိုက်သည်။ ချို့လက်တွင်ကိုင်ထားသည့် စာအုပ်လေးကြမ်းပေါ်သို့ပြုတ်ကျသွားပြီး တစ်ခန်းလုံး၌အသက်ရူသံတွေကလွဲ၍ ဘာမှမကြားရတော့သည်အထိပင်။

' ကတိတော့မပေးပေမယ့် တတ်နိုင်သလောက်တော့ နွေဦးနဲ့မတွေ့ပဲနေပါ့မယ် '

ရင်ခွင်ထဲတွင်လှဲလှောင်းနေသည့် ချို့ခန္တာကိုယ်လေးကို ထွေးဖက်ထားရင်းပြောလိုက်သည်။  ချိုက သက်ပျင်းဖွဖွချလိုက်ပြီး

' သဇင်တို့ကိုချစ်လား'

' အင်း '

' အိပ်ယာထဲအတွက်ပဲချစ်တဲ့အချစ်လား ဘယ်လိုချစ်တာလဲ'

Call Me VillinWhere stories live. Discover now