Called me Villin

965 86 1
                                    

Called me Villin
အပိုင်း ( ၃ )

'ငွေလွှဲထုတ်မယ့်သူ နာမည်လေးပြောပေးပါ'

'ဒေါ်ချိုချိုမြင့် '

'ပျဥ်းမနား ဘဏ်(၁) ကို လွှဲမှာနော်'

'ဟုတ်ပါတယ် '

ကျွန်တော် လာမတွေ့နိုင်တောတာ ခွင့်လွှတ်ပါ အမေ။ ဘဏ်ထဲက ပြန်ထွက်ချိန်တွင် သူ့၌နောက်ဆုံးလုပ်စရာ တစ်ခုသာကျန်ပါတော့သည်။ သူကိုယ်တိုင် ရဲစခန်းမှာ အဖမ်းခံမှာလား သို့မဟုတ် ရဲတွေ လိုက်ရှာ၍  ဖမ်းမယ့်အချိန်ကိုစောင့်သင့်လား။ နောက်ဆုံး ဆုံးဖြတ်ချက်ကို နောင်တကင်းကင်းနဲ့ချလိုက်ပြီးနောက် မဥက္ကလာဘက်သို့ပြန်မည့် ဘပ်စ်ကားမှတ်တိုင်သို့သာ လျှောက်ခဲ့တော့သည်။

...........

'ကျွန်မက ဒေါ်သက်သက်ခိုင်ပါ။ ရှင့်ဘက်ကနေ ကာကွယ်ပြီး လျှောက်လွှဲချက်တင်ပေးမယ့် တရားခံရှေ့နေပါ'

ကို့ကိုယ်ကိုမိတ်ဆတ်ပေးပေမယ့် တစ်ဖက်မှ လိုလိုလားလားဟန်မပြတော့ သူစိတ်ပျက်သွားသည်။ အကျဥ်းသားဝတ်ဆုံဝတ်ထားပြီး အကျဥ်းထောင်ထဲတွင်တွေ့ရသည့်အတွက်ကြောင့်သာ သည်မိန်းကလေးအား လူသတ်တရားခံအဖြစ် လက်ခံလိုက်ရသည်။ သူ့မျက်နှာ၌ လူတစ်ယောက်အား သွေးအေးအေးနှင့်သတ်ပစ်န်ိုင်လောက်သည့် ခက်ထန်မာကျောမှုမျိုးရှိမနေပါ။ ဒေါသနှင့် မကျေနပ်မှုတစ်ဆုံတစ်ရာကိုလည်း ရှာမတွေ့။ သူ့မျက်လုံးများက တည်ငြိမ်၍ စူးစူးရှရှရှိသည်။ နှာယောင်ထိဆက်နေသည့် မျက်ခုံးတစ်ဆုံက သူ့အကြည့်တွေကို ပို၍ စူးရှစေ၏။ရုံးတော်၌ ထိုအချက်သည် အထောက်အကူဖြစ်နိုင်ပါ့မလား။

'ရှင့် နာမည်က နွေဦးနော်'

'ဟုတ်ပါတယ် '

' မကဗျာချိုကို သတ်တဲ့အမှုနဲ့ ပတ်သတ်ပြီး ရှင် ကျွန်မကို ဖြစ်သမျှ အမှန်အတ်ိုင်းပြောဖို့ လိုမယ်။ ဒါမှ ရှင့်ကို ကူညီနိုင်မှာ '

'ကျွန်တော် အကူအညီ မလိုပါဘူး။ ကျေးဇူးတင်ပါတယ် ။ အစ်မအတွက် ရှေ့နေခပေးဖို့လည်း ကျွန်တော့်မှာ ဘာမှမရှိပါဘူး'

အေးစက်၍စူးရှသည့် မျက်လုံးများဖြင့် သူ့အားတစ်ချက်မော့ကြည့်ပြီးနောက် သူ့လက်၌ ရှိသည့် စတီလက်ထိပ်ကို ကြည့်ရင်းပြုံးသည်။ ထို့နောက် သူ့အား နှုတ်ဆက်စကားပင်မပြောပဲ နေရာမှထထွက်သွားတော့၏။ သံတိုင်တွေနောက်သို့ လျောက်လှမ်းသွားသည့် သူ့ကျောပြင်ကိုကြည့်ရင်း ဒီအမှုအား လိုက်လိုစိတ်က ပို၍ပြင်းပြလာသည်။ ဒီမိန်းကလေးသည် သူနှင့်အသက်ရွယ်တူလောက်သာရှိလိမ့်မည်။ သူ့ဘဝ လက်ကျန်သက်တန်းတစ်လျှောက်လုံး ဒီသံတိုင်တွေနောက်မှာပဲ ကုန်ဆုံးပစ်လိုက်တော့မှာလား။

Call Me VillinWhere stories live. Discover now