🌸7🌸

4.9K 725 197
                                    

Unicode

//ဂိုဂူလျောသို့ပြန်ရောက်ခဲ့ပြီ.. //

ရှီလာတိုင်းပြည်၏
နန်းတွင်းတစ်ခွင်တွင် အရောင်စုံလှသော ဝတ်စုံများနှင့် နန်းတွင်းသူများသည် ဖြူဖွေးသော နှင်းထဲတွင် သိသာထင်ရှားစွာ ပြာပန်းခတ်နေကြသည်...။
သစ်ပင်ကြီးများ နန်းဆောင်များအား
အဖြူရောင်နှင်းများချည်းသာ
ဖုံးအုပ်နေသော မြင်ကွင်းသည် မျက်လုံးရှင်းရှင်းနှင့် တစ်မျိုးလှပနေပြန်ပါသည်...။

ယခုလို ၁၂လပိုင်း၏ အေးမြသော အချိန်ဖြစ်နေသော်လည်း နန်းတွင်းသူများကမူ ဇောချွေးပင်ပြန်နေကြရသည်..။
လက်ဝတ်ရတနာနှင် အဝတ်အစားများအား သယ်ဆောင်သူများ..စားဖွယ်သောက်ဖွယ်ပြင်ဆင်သူများနှင့် ပျားပိတုန်းများသဖွယ် အလုပ်ရှုပ်နေကြသည်..။

ထို့ပြင်သေချာကြည့်လျှင် သေချာပြင်ဆင်ထားသော အခမ်းအနားအပြင်အဆင်များကိုလည်း တွေ့ရပေလိမ့်မည်..။
ယခုလိုဆောင်းရာသီကြီးတွင် မည်သည့်ပွဲရှိနေသနည်း..?

အကြောင်းအရင်းသည်ကား...ဘုရင့်၏ အချစ်တော်ဟုဆိုရမည့်
ကြင်ယာတော်Kim၏ မွေးနေ့ဖြစ်နေခြင်းပင်...။

ဟုတ်ပေသည်...ရှီလာ၏ ဘုရင်နမ်ဂျွန်းသည်..လွန်ခဲ့သည့် ၇လလောက်ကမှ တင်မြောက်ခဲ့သည့် ကြင်ယာတော်အား သည်းသည်းလှုပ်မတတ် ချစ်လှပါသည်...။
ယခုလည်းမွေးနေ့ပွဲတစ်ခုအတွက် ပြင်နေခြင်းသည် မသိလျှင် ရှင်ဘုရင်၏ နန်းတက်ပွဲဟုပင် ထင်ချင်စရာ...။

မတူသည်ကတော့ နန်းတက်ပွဲအခမ်းအနားများကဲ့သို့
အနီရောင်များမဟုတ်ပဲ နန်းတော်တစ်ခုလုံး ပန်းရောင်လွှမ်းနေခြင်းပင်...။

မတော်တဆတစ်ခုကြောင့် စကားပြောနိုင်စွမ်း ချို့ယွင်းသွားသော
ကြင်ယာတော်ဆော့ဂျင်သည်..ချို့ယွင်းချက်ရှိနေသော်လည်း
မည်သူတစ်ဦးတစ်ယောက်ကမှ ပေါ်တင်မဝေဖန်မရှုံ့ချရဲ့...။
အရမ်းသည်းလွန်းသည့် မင်းကြီးနှင့် ကြင်ယာတော်၏ ညီတော်ကြောင့် မည်သူ့မှမထိရဲကြပေ...။

ချစ်စရာပုံစံလေးနှင့်
ကြင်နာ‌တတ်သော ဆော့ဂျင်အား
မနာလိုသူများမှလွဲ၍ အခြားသူများက ချစ်ခင်လေးစားကြသည်...။
အခုလည်း ကြင်ယာတော်ဆော့ဂျင်၏ မွေးနေ့အတွက်
နန်းတွင်းတစ်ခုလုံးလိုလို 
အားတက်သလျော် လုပ်ဆောင်ပေးနေကြသည်...။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now