ဂုဏ် ရှိန်ကင်းတဲ့ချစ်ခြင်း(၁)

8.4K 268 16
                                    

🎄ဂုဏ်ရှိန်ကင်းတဲ့ချစ်ခြင်း🌲
🌈🌈🌈🌈🌈🌈🌈🌈
အပိုင်း(၁)

သုခမြိုင်ရွာ......
ဒီရွာလေးဟာပဲခူးရိုးမတောင်ခြေ...အနီးတွင်တည်ရှိတာဖြစ်သည်။ရွာလေးမှာအေးချမ်းသာယာပြီး...ထိုရွာတွင်နေထိုင်ကြသောရွာသူရွာသားများဟာဆိုရင်လည်း...တစ်ဦးနဲ့တစ်ဦးသွေးစည်းချစ်ခင်ကြသည်။ရွာလူကြီးဦးငွေမောင်းရဲ့အုပ်ချုပ်မှုကောင်းမှုကြောင့်...ရွာထဲမှာဆူပူသောင်းကျန်းမှုမရှိအေးချမ်းသာယာလျှက်ရှိသည်။လယ်ယာလုပ်ငန်းကိုတော့အိမ်တိုင်းလုပ်အဓိကထားပြီးလုပ်ကိုင်ကြသည်။ပြီးတော့တောင်ပေါ်တက်ပြီးသစ်ဆွဲ...အမဲလိုက်စသောအလုပ်များကိုလည်းလုပ်ကိုင်ကြသေးသည်။တောင်ပေါ်တွင်ရာသီအလိုက်...ဒညှင်း/ပိန္ဒဲ.../ကနစိုး.../သံပရာ/လိုင်ချီးစသောသီးပင်များနဲ့တခြားရာသီပင်များမှာ...သူ့ရာသီအလိုက်ပေါက်ရောက်ကြသည်။မြို့နှင့်အလှမ်းဝေးလွန်းတာကြောင့်...အကြောင်းကိစ္စကြီးကြီးမားမားရှိမှသာမြို့ကိုသွားကြသည်။တော်ရုံဆိုသွားလေ့မရှိကြ။အခုလည်းသူကြီးဦးငွေမောင်း...အိမ်တွင်ရွာမှလူကြီးအချို့စုရုံးရောက်ရှိနေတာဖြစ်သည်။သူကြီးဦးငွေမောင်းကရေနွေကြမ်းကိုတကျိုက်မော့ပြီးချောင်းတစ်ချက်ဟန့်လိုက်ကာ...

''အဟမ်း!ကျုပ်အခု...ခင်များတို့ကို
ခေါ်လိုက်တယ်ဆိုတာတခြားတော့မဟုတ်ဘူး...အခုကျုပ်တို့ရွာရဲ့ကျေးလက်ဆေးခန်းလေးကိုကျန်းမားရေးမှူ းအသစ်ရောက်မဲ့အကြောင်းပဲ''

ဦးငွေမောင်းစကားကြောင့်ရွားသားများရဲ့မျက်နှာဟာဝင်းထိန်သွားပြီးလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
''ဝမ်းသာစရာပဲဟေ...''

''ဟုတ်ပါ့တော်......''

''ဒါနဲ့ဘယ်နေ့ရောက်မှာလည်းသူကြီး''

ရွာသားတယောက်ကထမေးတော့ဦးငွေမောင်းလက်ထဲရှိပြောင်းဖူးဖက်ဆေးလိပ်တိုကိုအားရပါးရတရှိုက်ဖွာလိုက်ကာ......

''မနက်ဖန်ပဲ...''

''ဟေ!''

''ဟာ!ကောင်းတာပေါ့...မြန်မြန်ရောက်တော့''

''ဟုတ်တယ်...ကျန်းမာရေးမှူ း
ဆရာမလေးအတွက်နေဖို့ထိုင်ဖို့ကအဆင်သင့်ဖြစ်ပေမဲ့စားရေးသောက်ရေးကိုတော့...ကျုပ်တို့အိမ်ကပဲတာဝန်ယူမှာပါ''

ဂုဏ် ရှိန်ကင်းတဲ့ချစ်ခြင်းWhere stories live. Discover now