ဂုဏ်ရှိန်ကင်းတဲ့ ချစ်ခြင်း(၉)

1.5K 135 2
                                    

🌳ဂုဏ်ရှိန်ကင်းတဲ့…ချစ်ခြင်း🌳
🌈🌈🌈🌈🌈🌈🌈🌈

     အပ်ိုင်း(၉)

ညည့်နက်လာသည်အထိငြိမ်းအိပ်မရသေး။ကိုသိဒ္ဓိစကားများကိုသာကြားယောင်နေမိသည်။
ငြိမ်း…ဆိုးဝါးတိုက်ဆိုင်လွန်းလှသောကံကြမ္မာကြီးကိုမုန်းတီးနေမိသည်။ငြိမ်းမိဘတွေကွိုသတ်တဲ့လူဟာဘာကြောင့်သက်ရဲ့ဖေဖေဖြစ်နေရတာလဲ။သက်ကဘာဖြစ်လို့ဒီလိုယုတ်မာတဲ့လူကြီးရဲ့သမီးဖြစ်နေရတာလဲ…။
သက်ရဲ့ဖေဖေလူယုတ်မာကြီးဦးသန်းထိုက်ကိုငြိမ်းလုံးဝခွင့်မလွှက်နိုင်။ငြိမ်းအသက်ရှင်နေသေးတယ်ဆိုတာသာသိရင်ဒီလူကြီးဘယ်လောက်သွေးပျက်သွားမလဲဆိုတာငြိမ်းသိချင်နေမိသည်။
သက်ကို…ငြိမ်းအရမ်းချစ်သည်။သို့ပေမဲ့ဒီအခြေနေမှာတော့ငြိမ်းသက်ကိုဆက်ပြီးချစ်သင့်သေးရဲ့လားဆိုတာကိုတော့ငြိမ်းမတွေးတက်တော့ချေ။ရှေ့ဆက်ဖို့လည်းဖြစ်နိုင်တော့မှာမဟုတ်။ငြိမ်းတို့မိသားစုကိုသေကွဲကွဲအောင်ယုတ်မာခဲ့တဲ့လူယုတ်မာရဲ့သမီးကိုငြိမ်းဆက်ချစ်နေမယ်ဆိုရင်တမလွန်ကငြိမ်းရဲ့ဖေဖေနဲ့မေမေအတွက်မတရားရာကျမည်။
ငြိမ်းရဲ့နှလုံးသားအတွက်နဲ့……တော့ဒီသွေးကြွေးကိုမစတေးပစ်နိုင်တာငြိမ်းကိုခွင့်လွှက်ပါသက်ရေ။
ငြိမ်းနဲ့သက်ဘဝဟာဒီဘဝမှာတော့ဒီမျှနဲ့ပဲအဆုံးသက်လိုက်ပါရစေသက်ရယ်………။
ငြိမ်းနာကျင်စွာဆုံးဖြတ်လိုက်ပြီး…မျက်ရည်တွေခမ်းခြောက်လုမတက်ငိုကြွေးပစ်လိုက်သည်။

   ''ညီမလေး…မျက်လုံးတွေမို့နေပါလား´´
ကိုသိဒ္ဓိစကားကြောင့်နံနက်စာစားနေသောဖွားဖွားကငြိမ်းမျက်နှာက်ိုလှမ်းကြည့်ပြီး……

   ''ဟယ်ဟုတ်ပါရဲ့…မြေးလေးဘာဖြစ်တာလဲညကငိုထားတာလား…ဘာစိတ်တိုင်းမကျတာရှိလို့လဲဖွားဖွားကိုပြောစမ်း´´
ဖွားဖွားမှာငြိမ်းကိုကြည့်ပြီးပြာယာခက်သွားသည်။

   ''ဘာမှစိတ်တိုင်းမကျမရှိပါဘူးဖွားဖွားရယ်အားလုံးပြည့်စုံပါတယ်…ရွာကိုသတိရလို့ငိုမိတာပါ…´´

   ''ဟားဟားဖြစ်ရမယ်ညီမလေးရယ်…ကလေးကျနေတာပဲကြည့်ပါအုံး´´

ကိုသိဒ္ဓိကငြိမ်းကိုကြည့်ပြီးရယ်နေပါသည်။ဖွားဖွားက………

ဂုဏ် ရှိန်ကင်းတဲ့ချစ်ခြင်းWhere stories live. Discover now